KNLA တပ်မဟာ ၅ ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီးစောမော်ဒဲကို ခန့်အပ်တာဝန်ပေးအပ်

KNLA တပ်မဟာ ၅ ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီးစောမော်ဒဲကို ခန့်အပ်တာဝန်ပေးအပ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဗျူဟာမှူး သစ်အဖြစ် ဗိုလ်မှူးကြီးစောမော်ဒဲကို ခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့ တပ်မဟာ ၅ နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာရှိတဲ့ ကျောက်ညှက် စခန်းသိမ်းတိုက်ပွဲမှာ KNLA တပ်မဟာ ၅ ရဲ့ ဗျူဟားမှူးဖြစ်သူ ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးခဲ့ရတာကြောင့် သူ့ရဲ့နေရာမှာ ဗိုလ်မှူးကြီးစောမော်ဒဲကို ခန့်အပ်တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးစောမော်ဒဲဟာ KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲရဲ့ ယုံကြည့်အားထားရသူဖြစ်ပြီး တိုက်ခိုက်ရေးမှာကျွမ်းကျင်သလို ကာကွယ်ရေးတပ်ရင်းမှူးနဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF ပူးပေါင်တပ်တွေအကြား နှစ်ဖက် စစ်ရေး ပိုမို တင်းမားနေတာပါ။

ဖာပွန်ခရိုင်မှာတော့ ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်း နှစ်ဖက်တိုက်ပွဲ အကြိမ် ၃၈၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အယောက် ၁၇၀ ကျော် သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ ၅ က ထုတ်ပြန်ထားပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...