လောင်းလုံးမြို့နယ်က ဒလန်ဟုနာမည်ထွက်နေသူ ပြည်ခိုင်ဖြိုးပါတီဝင် ပစ်ခတ်ခံရ

လောင်းလုံးမြို့နယ်က ဒလန်ဟုနာမည်ထွက်နေသူ ပြည်ခိုင်ဖြိုးပါတီဝင် ပစ်ခတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာအုပ်စုရှိ မဲမော်ကျေးရွာတွင် မေလ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်က ဒလန်ဟုနာမည်ထွက်နေသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင် အမျိုးသားတစ်ဦး နေအိမ်အနီး၌ ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ အသက် (၅၄) နှစ်ရှိ ဦးလှအင်ဆိုသူဖြစ်ပြီး ၎င်းသည် ယခင် ပြည်ခိုင်ဖြိုး ပါတီဝင်၊ မဲမော်ရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး လက်ရှိတွင် သွေးသောက်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း၊ ၎င်းကို အမည်မသိအဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်နဲ့ခြောက်ချက် ပစ်ခတ်ခံရပါတယ်။ ဗိုက်နဲ့ တခြားနေရာတွေကို ထိသွားလို့ ဆေးရုံ ရောက်နေ တယ်”ဟု လောင်းလုံးမြို့ခံတစ်ဦးက ပြောသည်။

ယင်း ပျူစောထီး သွေးသောက်ဖွဲ့ ၌ အဖွဲ့ဝင်ခြောက်ဦးခန့်ရှိပြီး အများစုမှာ အသက်ကြီးပိုင်းများဖြစ်ကြ ကာ စစ်ဘက်ရေးရာလုံခြုံရေတပ်ဖွဲ့(စရဖ) ဗိုလ်ကြီးတစ်ဦးက ဦးဆောင်အမိန့်ပေးခိုင်းစေနေကြောင်း ၎င်း နှင့်နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ၏ မိသားစုဝင် တစ်ဦးက "အရင်းကတော့ အုပ်ချုပ်ရေး လုပ်ဖူးတာတော့ မှန်တယ် အခု ပြောနေတဲ့ သွေးသောက်အဖွဲ့မှာ ပါတယ် ဆိုတာက စွပ်စွဲချက်သာ ဖြစ်တယ် အခု လက်ရှိ ဦးလေးက ဘာမှ မလုပ်ဘူး"ဟု သွေသောက်အဖွဲ့ဝင်ဟု ပြောဆိုနေကြခြင်းအပေါ် တုန့်ပြန် ပြောဆိုထားသည်။

လက်ရှိတွင် ဦးလှအင်သည် သေနတ်ဒဏ်ရာကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး နောက်ထပ် သတင်းအချက်အလက်ကို ထပ်မံအတည်မပြုနိုင်သေးကြောင်း ဒေသခံက ပြောသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး(ခ) ဦးယောက်အိုသည် မေလ ၇ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် အသတ်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။

အဆိုပါဖြစ်စဉ်၌ သေဆုံးသွားသူသည် ကင်းရှေ့ကျေးရွာအုပ်စု ဆေးဖြတ်ကုန်းကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး ၎င်းသည် ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...