စစ်ကောင်စီက ကုမ္ပဏီ ၃၅၀ ခန့်ကို ပို့ကုန်သွင်းကုန် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်း

စစ်ကောင်စီက ကုမ္ပဏီ ၃၅၀ ခန့်ကို ပို့ကုန်သွင်းကုန် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်း

ဗဟိုဘဏ်၏ညွှန်ကြားချက်မလိုက်နာ၍ဟုဆိုကာ၂၀၂၁ ခုနှစ်တွင် လုပ်ငန်းစတင်ဆောင်ရွကိသည့် ကုမ္ပဏီ ၃၄၆ ခုကို ပို့ကုန် သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည့် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာတွင် ပို့ကုန် ရငွေကို ပို့ကုန်တင်ပို့သည့်နေ့မှ သုံးလအတွင်း နိုင်ငံအတွင်းရှိဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ထည့်သွင်းရန် ကြေညာထားသည်။

ထို့သို့ဆောင်ရွက်ရာတွင် အာရှနိုင်ငံများသို့တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို ပို့ကုန်တင်ပို့ သည့်နေ့မှ ၄၅ ရက်အတွင်း၊ အခြားနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ပို့ကုန်ရငွေကို ပို့ကုန် တင်ပို့ သည့် နေ့မှ ရက် ၉၀ အတွင်း ဘဏ်ငွေစာရင်းသို့ ထည့်သွင်းရန် သတ်မှတ်ထားသည်။

ပို့ကုန်တင်ပို့သူများသည် အဆိုပါ ဥပဒေ၊ စည်းမျဥ်းနှင့် စည်းမျဥ်း ပြင်ဆင်ချက်တို့အား လိုက်နာရန် ပျက် ကွက်လျက်ရှိသည်ဟု စစ်ကောက်စီလက်အောက်ခံဗဟိုဘဏ်က ယခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင်ထုတ် ပြန်ပြောဆိုထားသည်။

ထိုသို့ပျက်ကွက်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့က ဖိအားပေးထုတ်ပြန်ထားသည်။

ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေများကို ဗဟိုဘဏ်ကထုတ်ပြန်ထားသောကာလ အတွင်း ဝင်ရောက်ခြင်းမရှိပါက လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု မေလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဗဟိုဘဏ်၏ညွှန်ကြားချက်များ လိုက်နာရန်ပျက်ကွက်သည့် ကုမ္ပဏီစုစုပေါင်း ၁၇၇ ခုကို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခဲ့ကြောင်း ဧပြီ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သေးသည်။ အဆိုပါ ကုမ္ပဏီများတွင် ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ ပို့ကုန်လုပ်ငန်း ဆောင်ရွက်ခဲ့သော ကုမ္ပဏီများ ပါဝင်သည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...