AAကို ထောက်ပံ့ကြေးပေးသည်ဟုဆိုကာ ရခိုင်နှင့်မူဆလင်အုပ်ချုပ်ရေးမှူး ၂ ဦးကို အမှုဖွင့်ရန်စီစဥ်နေ

AAကို ထောက်ပံ့ကြေးပေးသည်ဟုဆိုကာ ရခိုင်နှင့်မူဆလင်အုပ်ချုပ်ရေးမှူး ၂ ဦးကို အမှုဖွင့်ရန်စီစဥ်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဖမ်းဆီးခံရသည့် မူဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရခိုင်လူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ရန်စီစဥ်နေသည်ဟု သိရသည်။

၎င်းတို့ နှစ်ဦးမှာ စစ်တွေမြို့တွင် မေလ ၄ ရက်နေ့ကအဖမ်းခံရသော ဘောဒူဖကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်နှင့် ကြက်ကိုင်းတန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန် တို့ဖြစ်ကြသည်။

သူတို့ နှစ်ဦးကို စစ်တွေအမှတ်(၁) ရဲစခန်းတွင်အမှုဖွင့်ရန် စီစဥ်နေသည်ဟု မနေ့က ဖမ်းဆီးခံရရာမှလွတ်လာသူ အမည်မဖော်လိုသည့် မူဆလင်တစ်ဦးက နိရဉ္စရာသတင်းဌာကိုပြောသည်။

" အဖမ်းခံရတဲ့ လူတွေအားလုံးထဲမှာ ၅ ယောက်က ပြန်လွတ်လာလို့ ကျန်တဲ့ ၂ ယောက်က ဘာလို့ မလွတ်တာလဲမေးကြည့်တော့ AAကိုထောက်ပံ့လို့ အမှုဖွင့်ဖို့လုပ်နေတာလို့ ရဲစခန်းကရဲအရာရှိ တစ်ယောက်က ပြောတယ်" ဟု ၎င်းက ပြောသည်။

ထိုသို့ အမှုဖွင့်မည်ကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကို နိရဉ္စရာသတင်းဌာနမှ သွားရောက်မေးမြန်းရာ အမှုဖွင့်ရန် စီစဉ်နေသည်ဟု အတည်ပြုပြောဆိုသည်။

“ အုပ်ချုပ်ရေးမှူး ၂ ဦးကို ရဲစခန်းတွင်အမှုဖွင့်ရန်စီစဥ်ထားပါတယ်။ ဘာအမှုနဲ့ အမှုဖွင့်မှာကိုတော့ လောလောဆယ် အတိကျမသိရသေးဘူး” ဟု ပြောဆိုသည်။

မနေ့ကလည်း AA ကို အမဲသားများ သွားရောက် ရောင်းချသည်ဟုဆိုကာ မေလ ၃ ရက်နေ့က ဖမ်းဆီးသွားသည့် မူဆလင်ရွာသား ၅ ဦးကို ခံဝန်ဖြင့် စစ်တပ်မှ မနေ့က ပြန်လွှတ်ပေးခဲ့သည်။

၎င်းတို့မှာ မကျည်းမြိုင်ရပ်ကွက် အကွက် ၉ မှ ဦးနာဂူ(ခ) ဦးမောင်ဘ၊ သက္ကယ်ပြင် ကျေးရွာမှ ဦးအီးစူး(ခ)ဦးလှမြင့်နှင့် ဦးကျော်နု၊ ဘောဒူဖကျေးရွာမှ ဦးနူရ်ဟူးဆောင်း (၆၉)နှစ်၊ ဒါးပိုင်ကျေးရွာမှ ဦးဆော်လိမ်း(ခ) စောနီတို့ဖြစ်ကြသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...