စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဝါဒဖြန့်ရန် လုပ်ထားသည့် MRTV Media Application အွန်လိုင်းပေါ်မှ ဖယ်ရှားခံရ

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဝါဒဖြန့်ရန် လုပ်ထားသည့် MRTV Media Application အွန်လိုင်းပေါ်မှ ဖယ်ရှားခံရ

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဝါဒဖြန့်ရန် လုပ်ဆောင်ထားသည့် MRTV Media Application အား အမေရိကန်ကုမ္ပဏီ Apps Web Social LLC က Apple App Store နှင့် Google Play Store အွန်လိုင်းပေါ်မှ ဖယ်ရှားလိုက်ကြောင်း ယနေ့တွင် Justice for Myanmar ကထုတ်ပြန်ထားသည်။

စစ်ကောင်စီက MRTV Media Worldwide Mobile Satellite Data Application Servic MRTV App and Web ဖွင့်ပွဲကို မေလ ၄ ရက်က နေပြည်တော်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်အပြီး နောက်တစ်ရက် မေ ၅ ရက်နေ့တွင် ယင်းသို့ ဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်။

ယင်းသို့ ဖယ်ရှားပေးရန် Justice for Myanmar က အမေရိကန်ကုမ္ပဏီ Apps Web Social LLC ကို MRTV Media Application သည် မြန်မာပြည်သူလူထုအပေါ် စိတ်ဓာတ်စစ်ဆင်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတင်းမှားများနှင့်အမုန်းစကားများကို ဖြန့်ဝေရန် စီစဉ်ခြင်းဖြစ်ကြောင်း တောင်းဆိုအပြီး ယင်းသို့ ဖယ်ရှားခံလိုက်ရခြင်းလည်းဖြစ်သည်။

စစ်ကောင်စီက နိုင်ငံတကာဂြိုလ်တု လေး လုံးကို ငှားရမ်း၍ နိုင်ငံတကာသို့ ဝါဒဖြန့်ချိရန်အတွက် မြန်မာ၊ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ ဂျာမဏီ စသည့် ဘာသာစကားငါးမျိုးဖြင့် ထုတ်လွှင့်မည့် MRTV Media Application အား ဖော်ဆောင်လိုက်ခြင်းဖြစ်သည်။

ယင်း Application ဖြင့် နိုင်ငံပြင်ပတွင်ရှိနေသော မြန်မာသံရုံး ၄၆ ရုံးအပါအဝင် နိုင်ငံပေါင်း ၁၈၁ နိုင်ငံမှ ကြည့်ရှုနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က “ မိမိတို့၏ လူ့အဖွဲ့အစည်းအားလုံးကို မီဒီယာက နည်းမျိုးစုံဖြင့် လွှမ်းမိုးထားချိန်ဖြစ်သည့်အတွက် မိမိတို့၏ မီဒီယာ လုပ်ငန်းအားလုံးကိုလည်း စွမ်းအားပြည့်အောင်၊ စွမ်းရည်မြင့်မားအောင် ဆောင်ရွက်ပေးရန် လိုအပ်နေပြီ”ဟု ပြောကြားသည်။

ယင်းသို့ ပြောကြားမှုသည် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် မီဒီယာ ပလက်ဖောင်းတစ်ခု ထပ်မံ ဖော်ဆောင်ပြီး မီဒီယာကို မီဒီယာဖြင့် တိုက်ချင်သည့် သဘောဆောင်နေသည်ဟု အများက ဝေဖန်ထောက်ပြမှုများရှိနေသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...