ရုပ်ရှင်ကြည့်မယ့်သူမရှိလို့ ရုံတွေကို ယာယီပြန်ပိတ်ခွင့်ရဖို့ ရုံပိုင်ရှင်တွေ တောင်းဆို

ရုပ်ရှင်ကြည့်မယ့်သူမရှိလို့ ရုံတွေကို ယာယီပြန်ပိတ်ခွင့်ရဖို့ ရုံပိုင်ရှင်တွေ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ပြန်ဖွင့်ထားရတဲ့ ရုပ်ရှင်ရုံတွေမှာ လာရောက်ကြည်ရှုတဲ့ သူနည်းပါးနေလို့ ရုပ်ရှင်ရုံတွေကို ယာယီပြန်ပိတ်ခွင့်ရဖို့ ရုံပိုင်ရှင်တွေက တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး စစ်ကောင်စီက ရုပ်ရှင်ရုံတွေကို မဖွင့်မနေရ ဆိုတဲ့ ဖိအားပေး ခဲ့လို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေပြန်ဖွင့်ထားရတာပါ။

ရုပ်ရှင်ရုံတွေစဖွင့်တဲ့အချိန်ကနေ လာရောက်ကြည့်ရှုတဲ့သူ မရှိသလောက်နည်းပါးနေတဲ့အတွက် ရုံပြန်ပိတ်ဖို့ အစည်းအရုံးကို စာတင်ထားတယ်လို့ ရုံပိုင်ရှင်တစ်ယောက်က ဆိုပါတယ်။

အနုပညာရှင်အသိုင်းအဝိုင်းကတော့ ရုပ်ရှင်ရုံတွေကို အတင်းအကြပ်ဖွင့်လှစ်ဖို့ ဖိအားပေးခဲ့လို့ ဖွင့်လိုက်ရပေမယ့် အခုလိုဖြစ်လာမယ့်အခြေအနေတွေကို ကြိုတင်တွက်ဆထားတယ်လို့ ပြောကြပါတယ်။

စစ်ကောင်စီက ရုပ်ရှင်ရုံတွေမှာ ထောင်ကပြန်လွတ်လာတဲ့ အနုပညာရှင်တွေရဲ့ရုပ်ရှင်ဇာတ်ကားတွေ ကိုဦးစားပေးပြသခဲ့ပေမယ့် ပြည်သူတွေကတော့ စစ်အာဏာရှင်အမိန့်နဲ့ ပြန်ဖွင့်ခဲ့ရတဲ့ ရုပ်ရှင်ရုံတွေကို သပိတ်မှောက်ပြီး သွားမကြည့်ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေကို ကိုဗစ်ဖြစ်ပွားခဲ့တဲ့အတွက်၂၀၂၀ ခုနှစ် မတ်လလည်ပိုင်းကစတင်ပြီး ပြသခွင့် ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း (၆၀) ကျော်ကို မဖြစ်မနေဖွင့်ဖို့ အမိန့်ထုတ်ထားပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...