ဖာပွန်ခရိုင်မှာ ဧပြီလအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး အပါဝင် ၁၇၀ ကျော် သေဆုံးဟု KNLA ထုတ်ပြန်

ဖာပွန်ခရိုင်မှာ ဧပြီလအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး အပါဝင် ၁၇၀ ကျော် သေဆုံးဟု KNLA ထုတ်ပြန်

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅ ) နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်) တွင် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ မဟာမိတ်တပ် (BGF) ပူးပေါင်းတပ်ဘက်က တပ်ရင်းမှူး တစ်ဦး အပါအဝင် ၁၇၃ ဦး သေဆုံးခဲ့ကြောင်း KNLA တပ်မဟာ (၅) က မေလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဧပြီလအတွင်း တိုက်ပွဲပေါင်း ၄၀၀ နီးပါး ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီနှင့် မဟာမိတ်တပ်ဖွဲ့ ဘက်က ၁၇၃ ဦး သေဆုံးခဲ့ခြင်း ဖြစ်ပြီး နောက်ထပ် ၉၀ ဝန်းကျင် ထိခိုက်ဒ ဏ်ရာများ ရရှိသည်ဟု ဆိုသည်။

သေဆုံးသွားသည့် အာဏာသိမ်း စစ်ကောင်စီတပ်သားများတွင် တပ်ရင်းမှူးတစ်ဦး ၊ ဒုတပ်ရင်းမှူး တစ်ဦး ၊ တပ်ကြပ်ကြီး နှစ်ဦးနှင့် တပ်ကြပ်တစ်ဦး ပါဝင်ကြောင်း KNLA တပ်မဟာ (၅) ၏ ထုတ်ပြန်ချက်တွင် အတည်ပြု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဘက်ကလည်း တပ်ဖွဲ့ဝင် သုံးဦး ကျဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု ဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ကလည်း KNLA တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်မြို့နယ်၊ သံလွင် မြစ်ကမ်းဘေးတွင် ရှိသည့် စစ်ကောင်စီတပ်၏ အရေးပါသော ကျောက်ညှပ် စခန်းကို KNLA ပူးပေါင်း တပ်က တိုက်ခိုက် သိမ်းပိုက်ရာတွင် စခန်းကို သိမ်းယူနိုင်ခဲ့သော်လည်း KNLA တပ်မဟာ (၅) ၏ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှော ကျဆုံးခဲ့သည်။

စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ကန့်ကွက်ထားသည့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ထိန်းချုပ် နယ်မြေများတွင် နေ့စဉ် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေရာ အကျအဆုံး များနေသော စစ်ကောင်စီဘက်က အရပ်သား နေအိမ်များကိုပါ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေကြောင်း KNLA က ပြောဆိုထားသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...