AA ကိုအမဲသားသွားရောင်း၍ ဖမ်းဆီးခံရသူ စစ်တွေကမူဆလင် ၅ ဦး ခံဝန်ဖြင့်ပြန်လွတ်လာ

AA ကိုအမဲသားသွားရောင်း၍ ဖမ်းဆီးခံရသူ စစ်တွေကမူဆလင် ၅ ဦး ခံဝန်ဖြင့်ပြန်လွတ်လာ

ရက္ခိုင့်တပ်တော် (AA)ကို အမဲသားသွားရောင်းချမှုကြောင့် စစ်တွေမြို့နယ်မှ ဖမ်းဆီးခံထားရသူ မူဆလင်ရွာသား ၅ ဦးကို ခံဝန်ဖြင့် ယမန်နေ့ ညနေက ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

ခံဝန်ကတိဖြင့် ပြန်လွတ်လာရာတွင် ပါဝင်သူတစ်ဦးက "ကျနော်တို့ ULA/AA ရှိတဲ့ နေရာကို အမဲသားသွားရောင်းကြလို့။ သူတို့နဲ့ ဆက်စပ်တယ် ဆိုပြီးဖမ်းတာ။ နောက်နောင်မလုပ်ကြဖို့ ခံဝန်ကတိထိုးခိုင်းပြီး လွှတ်ပေးလိုက်တယ်။ အထဲမှာ အရိုက်ခံရတာတွေတော့ နည်းနည်းရှိတယ်" ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

ပြန်လွတ်လာသူ ၅ ဦးမှာ မကျည်းမြိုင်ရပ်ကွက် အကွက် ၉ မှ ဦးနာဂူ(ခ) ဦးမောင်ဘ၊ သက္ကယ်ပြင် ကျေးရွာမှ ဦးအီးစူး(ခ)ဦးလှမြင့်နှင့် ဦးကျော်နု၊ ဘောဒူဖကျေးရွာမှ ဦးနူရ်ဟူးဆောင်း (၆၉)နှစ်၊ ဒါးပိုင်ကျေးရွာမှ ဦးဆော်လိမ်း(ခ) စောနီတို့ဖြစ်ကြပြီး ၄င်းတို့ ၅ ဦးသည် မေလ ၅ ရက် ညနေက ပြန်လည်လွတ်မြောက်လာခဲ့သည်။

သက္ကယ်ပြင်ကျေးရွာတာဝန်ခံက " မနေ့ညက ၅ ယောက် ပြန်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့ကိစ္စတော့ အတိအကျမသိသေးဘူး"ဟု ပြောသည် ။

၎င်းတို့သည် မေလ ၃ ရက်နေ့က နေအိမ်အသီးသီးမှ စစ်တပ်နှင့် ရဲတို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရပြီး ၃ ရက်အကြာတွင် ပြန်လွတ်လာကြသည်။

သူတို့ပြန်လွတ်လာသော်လည်း မေလ ၄ ရက်နေ့ကအဖမ်းဆီးခံရသော ဘောဒူဖကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်၊ ကြက်ကိုင်းတန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန် အပါအဝင် နောက်ထပ် အနည်းဆုံး ၂ ဦးမှာ ပြန်မလွတ်သေးကြောင်း သိရသည်။

July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...