မအူပင်မြို့နယ်၌ ပြည်သူ့စစ် ဖွဲ့ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီတပ် စေခိုင်း

မအူပင်မြို့နယ်၌ ပြည်သူ့စစ် ဖွဲ့ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီတပ် စေခိုင်း
မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်အဖွဲ့ဝင်များ
မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်အဖွဲ့ဝင်များ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၌ ပြည်သူ့စစ် အဖွဲ့များ ဖွဲ့စည်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီတပ်က လိုက်လံ စေခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် မေလ ၂ ရက်နေ့တွင် မအူပင်မြို့နယ်၊ ခြောက်ရွာကျေးရွာအုပ်စု ကျားပြန်ရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဝင်းနိုင် (ခေါ် )ဂဠုန်ဆိုသူအား စစ်ကောင်စီတပ်များက ပြည်သူ့စစ် ဖွဲ့ ရန် လာရောက် စေခိုင်းသွားသည်ဟု သိရပြီး အခြားကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများကိုလည်း ပြည်သူ့စစ် ဖွဲ့စည်း ခိုင်းနေသည်ဟု ကျားပြန်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

"စစ်တပ်က ကောင်တွေ ကားနှစ်စီးနဲ့ လာတာကို အုပ်ချုပ်ရေးမှူး ဝင်းနိုင်က ကျားပြန်ရွာက မသောင်းမြတို့ အိမ်မှာ ထမင်းကျွေးပြီး ဧည့်ခံတယ်။ ပြီးတော့ စစ်တပ်က ကောင်တွေက တစ်ရွာကို အယောက် ၂၀ စီ ပြည်သူ့စစ် ဖွဲ့ရမယ်လို့ ခိုင်းသွားတယ်။ အဲ့ဒီ အုပ်ချုပ်ရေးမှူးက တစ်သက်လုံး နှစ်လုံး သုံးလုံး ရောင်းစားလာတဲ့ သူ ဆိုတော့ စစ်တပ်နဲ့ ရဲတွေ ခိုင်းရင် အကုန်လုပ်တဲ့ သူပါ" ဟု ၎င်းက ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်း ၊ မော်လမြိုင်ကျွန်းမြို့နှင့် လပွတ္တာမြို့နယ် အတွင်း ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ ကိုလည်း စစ်ကောင်စီ တပ်များက ပြည်သူ့စစ် ဖွဲ့စည်းရန် လိုက်လံပြောဆို နေသည်ဟု သိရပြီး ဖွဲ့စည်းပြီး ဖြစ်သည့် ပြည်သူ့စစ် အဖွဲ့ဝင်များအား လက်နက်ငယ် ပစ်ခတ်နည်း သင်တန်းများ ပေးနေသည် ဒေသခံများက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်များက ပြည်သူ့စစ် ဖွဲ့စည်းခိုင်းနေသည့် အပေါ် မအူပင် သေမင်းလက်ရာ တပ်ဖွဲ့ တာဝန်ခံ ဗိုလ်လက်ဝဲက " ဖွဲ့ရင်လည်း ဖွဲ့ပေါ့ဗျာ။ ကျွန်တော်တို့ကတော့ သတိပေးထားပြီး သားပဲ။ အသက်ကြီးနေမှ ကိုယ့်ဘာသာကိုယ် အေးဆေးမနေဘူး။ ပြည်သူ့စစ် ပုံစံ ဖွဲ့ပြီး ရွာတွေကို ဒုက္ခ ပေးနေရင်တော့ ကျွန်တော်တို့က ညှာမှာ မဟုတ်ပါဘူး။ သူ့ကိုဘက်က မီးစကို အစ ဆွဲထုတ်လိုက်တာနဲ့ အတူတူပါပဲ" ဟု ပြောသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...