ကျဆုံး PDF များ၏ ကျန်ရစ်သည့်မိသားစုဝင်များအတွက် Youtube ချန်နယ်မှ ရရှိငွေဖြင့် တစ်လလျှင် ၃ ဦးနှုန်း ငွေတိုက်စာချုပ်ဝယ်ယူပေးမည်

ကျဆုံး PDF များ၏ ကျန်ရစ်သည့်မိသားစုဝင်များအတွက် Youtube ချန်နယ်မှ ရရှိငွေဖြင့် တစ်လလျှင် ၃ ဦးနှုန်း ငွေတိုက်စာချုပ်ဝယ်ယူပေးမည်

ကျဆုံး PDF များ၏ ကျန်ရစ်သည့်မိသားစုဝင်များအတွက် Youtube ချန်နယ်မှ ရရှိငွေဖြင့် တစ်လလျှင် သုံးဦးနှုန်းဖြင့် ငွေတိုက်စာချုပ်ဝယ်ယူပေးမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

PDF မွေးဖွားခြင်းတစ်နှစ်ပြည့်သည့် မေ၅ရက်တွင် အဆိုပါအစီအစဥ်ကို ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဖော်လာခြင်းဖြစ်သည်။

"နွေဦးတော်လှန်ရေးရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ကြီးမြတ်စွာအသက်ပေးခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအတွက် PVTV ရဲ့ Youtube Channel ဖြစ်တဲ့ youtube.com/c/pvtvmyanmar ကို ပြည်သူတွေ ကြည့်ရှုကြရာကရရှိတဲ့ ဝင်ငွေတွေထဲကနေ NUG Bond တွေကို တစ်လလျှင် သုံးဦးနှုန်းဝယ်ယူပေးသွားမှာဖြစ်ပါတယ်" ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

အကြမ်းဖက်စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းမယ့် နွေဦးတော်လှန်ရေး၏ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ရင်သွေးတစ်ဦး၊ လင်ယောက်ကျား(သို့)ဇနီးမယားတစ်ဦး၊ ဖခင်(သို့) မိခင်တစ်ဦး၊ ဆွေမျိုးသားချင်းတစ်ဦး ဆုံးရှုံးရသည့် မိသားစုတစ်စုရဲ့ ဆုံးရှုံးမှုသည် အစားထိုးမရသည့်ဆုံးရှုံးမှုများဖြစ်သည် ဟု ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။

"ဘာနဲ့မှ အစားထိုးလို့မရ၊ ဖြေသိမ့်ပေးလို့မရနိုင်ပေမယ့် ကျန်ရစ်သူမိသားစုတွေရဲ့ ဘဝနောင်ရေးအတွက် စောင့်ရှောက်မှု တစ်စုံတစ်ရာပေးနိုင်ဖို့ ရင်းနှီးပေးဆပ်ခဲ့သူတို့ရဲ့ ကိုယ်စား အသက်ရှင်ကျန်ရစ်နေကြသူတွေ အားလုံးမှာ တာဝန်ရှိတယ်လို့ ခံယူပါတယ်" ဟု ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။

ကျဆုံး PDF များ၏မိသားစုဝင်များအတွက် ငွေတိုက်စာချုပ်ဝယ်ယူပေးချင်သူများရှိပါကလည်း PVTV ကိုဆက်သွယ်နိုင်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနတို့နဲ့ ချိတ်ဆက်ကာ ဝယ်ယူပေးမည်ဟု ဆိုသည်။

"NUG က Bond ငွေတွေ ပြန်လည်ထုတ်ပေးတဲ့အခါမှာတော့ ကျဆုံးခဲ့ကြရတဲ့ PDF တွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီကို ဒီငွေတွေရောက်ရှိအောင် MOD, MOPFI နဲ့ PVTV တို့က တာဝန်ယူ ပေးပို့ ပေးသွားမှာပါ" ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ကျန်ရစ်သူမိသားစုများနှင့် ချိတ်ဆက်မရခြင်း၊ ဆက်ခံမည့်သူ မရှိခြင်းများရှိပါက အဆိုပါငွေကို “ကျဆုံး သူရဲကောင်း” များနှင့် သက်ဆိုင်သည့်ဆောင်ရွက်မှုတစ်ခုခုတွင် ထည့်သွင်းအသုံးပြုသွားမည်ဟုဆိုသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...