ဟားခါးမြို့မှ ပြစ်ဒဏ်ကျ အကျဉ်းသား ၁၅ဦးကိုကလေးမြို့ထောင်သို့ပို့ရန် ခေါ်ဆောင်သွားသည့်စစ်ယာဉ်တန်း လမ်းခုလပ်တွင် တိုက်ခိုက်ခံနေရ

ဟားခါးမြို့မှ ပြစ်ဒဏ်ကျ အကျဉ်းသား ၁၅ဦးကိုကလေးမြို့ထောင်သို့ပို့ရန် ခေါ်ဆောင်သွားသည့်စစ်ယာဉ်တန်း လမ်းခုလပ်တွင် တိုက်ခိုက်ခံနေရ

ဟားခါးမြို့မှ ပြစ်ဒဏ်ကျ အကျဉ်းသား ၁၅ဦးကိုကလေးမြို့ထောင်သို့ပို့ရန် ခေါ်ဆောင်သွားသည့် တင့်ကား ၂ စီးပါဝင်သည့် စစ်ကား ၂၇စီး ယာဉ်တန်းအား ဟားခါးမြို့မှ ၁၂မိုင်ခန့်ဝေးသော ချွန်ကျုံးကျေးရွာနှင့် Dokthek ကျေးရွာကြားတွင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များမှ  တိုက်ခိုက်ခဲ့ကြောင်း ဒေသခံကျေးရွာသားတချို့ထံမှသိရသည်။

‌"စစ်ကားတွေ လာတယ်ဆိုတာ ကြားတော့ ရွာကနေ ခဏတိမ်းရှောင်ကြတယ်၊ မနေ့ကတော့ သေနတ်သံတွေတော့ ကြားရတယ်၊တိုက်နေကြတယ်ပေါ့နော်၊ကျမက အခုထိ ရွာထဲကိုတော့ မ၀င်သေးဘူး"ဟု ချွန်ကျုံးဒေသခဲ တစ်ဦးမှ ပြောသည်။

 ၂၀၂၂ခုနှစ်၊မေလ ၂ ရက်နေ့တွင် စစ်ကား (၂၇)စီးနှင့်အတူ ပြစ်ဒဏ်ကျ အကျဉ်းသား (၁၅)ဦးကို ဟားခါးမြို့ မှ ကလေးမြို့အကျဉ်းထောင် သို့ပို့ဆောင်ရန်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကာ  မေလ ၄ ရက်နေ့တွင် လမ်းခုလပ်တွင်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

"ဟုတ်တယ်၊မေလ ၂ရက်နေ့ကသူတို့ခေါ်သွားတယ်၊သူတို့ခေါ်သွားမယ်ဆိုတာ ကြိုမသိရဘူး၊အဲဒီမနက်မှ သူတို့ သွားမယ်ဆိုတာသိလို့ လိုက်သွားတာ တွေ့တောင်မတွေ့လိုက်ရဘူး၊" ကလေးထောင်အပို့ခံရမည့်သူ၏ နီးစပ်ရာမိသားစုမှ ပြောသည်။

ကလေးထောင် ပို့ဆောင်ခံရမည့် အကျဉ်းသားများတွင် ပုဒ်မ၅၀၅(က) ဖြင့် အမိန့်ချ ခံရသူများနှင့် အခြားအမှုတွဲများလည်း ပါရှိကြောင်းသိရသည်။

လက်ရှိအချိန်ထိ ဟားခါးမြို့မှ ၁၂မိုင်ကျော်ခန့်သာ စစ်ကားများခရီးနှင်ရပြီး လက်ရှိတိုက်ပွဲနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့စည်းများမှ ထုတ်ပြန်ထားခြင်းများမရှိသေးပေ။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...