အမ်းမြို့မှ နေအိမ်ဖယ်ရှားခံရသူများ စားဝတ်နေရေး အခက်အခဲရှိနေ

အမ်းမြို့မှ နေအိမ်ဖယ်ရှားခံရသူများ စားဝတ်နေရေး အခက်အခဲရှိနေ

အမ်းမြို့နယ်အတွင်းမှ နေအိမ်ဖယ်ရှားခံရသည့်ဒေသခံအချို့မှာ နေထိုင်ရေးနှင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရကြောင်း နေအိမ်ဖယ်ရှားခံရသူများက ပြောဆိုကြသည်။

အမ်းမြို့ရှိ နတ်စင်ကုန်းရပ်ကွက်၊ အမ်းမြို့သစ်ရပ်ကွက်နှင့် ကားလမ်းဘေးရှိဈေးဆိုင်တန်းအချို့ကို တပ်ပိုင်မြေဟုဆိုကာဖယ်ရှားခိုင်းသဖြင့် နေအိမ်နှင့်ဈေးဆိုင်ခန်းစုစုပေါင်း ၃၀ ကျော်နှင့် ပရဟိတ စာသင်ကျောင်းဆောင်တစ်ဆောင်တို့ကို ပြီးခဲ့သည့်ဧပြီလအတွင်းက ဖယ်ရှားပေးခဲ့ရသည်။

နေအိမ်ဖယ်ရှားခံလိုက်ရသူတစ်ဦးက လက်ရှိတွင် မြေနေရာတစ်ခုငှားရမ်းကာ နေအိမ်ဆောက်လုပ် နေထိုင်နေရပြီး အခက်အခဲများရှိနေကြောင်းပြောသည်။

“အခုသုဿာန်နောက်ကနေရာမှာ မြေကွက်ငှားပြီးနေရတယ်။ အလုပ်အကိုင်ကလည်းမရှိ၊ တက္ကသိုလ်တက်နေတဲ့ ညီမတစ်ယောက်အတွက်လဲ ကျောင်းစရိတ်လိုသေးတယ်။ အရင်တုန်းကနေရာမှာကတော့ ဈေးရောင်းလို့ရတော့ အဆင်ပြေတယ်။ အခုနေရာက သုဿာနောက်မှာဖြစ်နေတဲ့အခါ ဘာနဲ့မှလဲ အဆက်အစပ်မရှိဘူး။ အခက်အခဲတွေကတော့ အများကြီးဘဲကြုံတွေ့နေရတယ်”ဟု ၎င်းကဆိုသည်။

နောက်ထပ်နေအိမ်ဖယ်ရှားခံလိုက်ရသူတစ်ဦးဖြစ်သည့် မပုစိတ်ကေက “ကျွန်မတို့မှာ အဲဒီနေရာက ဖယ်ရှားခံလိုက်ရတော့ နေရာထိုင်ခင်းငှားနေဖို့အတွက်က ငွေလဲမရှိဘူး၊ အလုပ်အကိုင်လဲမရှိဘူး ဖြစ်သွားတယ်။ တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားတွေအနေနဲ့ အိမ်လဲငှားမနေနိုင်တော့ အမေတို့အဖေတို့အိမ်မှာ ကပ်နေနေရတယ်”ဟု ဆိုသည်။

အမ်းမြို့သစ်အနီး တောင်ကုန်းပေါ်မှနေအိမ်များမှာလည်း စစ်တပ်ပိုင်မြေ၌ ကျူးကျော်နေထိုင်သည်ဟုဆိုကာ စစ်တပ်ကဖယ်ရှားခိုင်းသဖြင့် ဧပြီလ(၂၀)ရက်နေ့က ဖြိုဖျက်ပေးခဲ့ရသည်။

အလားတူ အမ်းမြို့ဟောင်း လေယာဉ်ကွင်းရပ်ကွက်ရှိ အမ်းမြို့မရဲစခန်းဟောင်းမြေနေရာပေါ်မှ နေအိမ်၊ အဆောက်အဦးများ၊ ဈေးဆိုင်ခန်းများကိုလည်း ယခုမေလ (၂၁)ရက်နေ့တွင် နောက်ဆုံးထား ဖယ်ရှားပေးရန်နှင့် သတ်မှတ်ရက်အမှီဖယ်ရှားခြင်းမရှိပါက ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ အက်ဥပဒေနှင့်အညီ နှင်ထုတ်သွားမည်ဖြစ်ကြောင်း အမ်းမြို့နယ်ရဲတပ်ဖွဲ့က အသိပေးစာထုတ်ပြန်ထားသည်။

အဆိုပါနေရာမှာ ယခင်လေယာဉ်ကွင်းစီမံကိန်းဖြင့် ဖျက်သိမ်းခံခဲ့ရသောမြေများဖြစ်ပြီး လက်ရှိတွင် ထိုနေရာ၌ ဖျက်သိမ်းပေးရမည့်စာရင်းထဲတွင် နေအိမ်၊ ဆိုင်ခန်းပေါင်း (၁၀၀)ကျော်ခန့်ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ အမ်းမြို့ရှိ ထွေအုပ်ရုံးဟောင်းနေရာနှင့် လေယာဉ်ကွင်းခြံစည်းရိုးအနီးမှ နေအိမ် ၁၀၀ ခန့်ကိုလည်း ဖယ်ရှားပေးရန် ရဲတပ်ဖွဲ့ကအသိပေးထားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...