နတ်ရေကန်အနီး ကျေးရွာများကို စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲ

နတ်ရေကန်အနီး ကျေးရွာများကို စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲ
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက် ကျေးရွာများကို စစ်တပ်က လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။

လတ်တလောတွင် နတ်ရေကန်ဘက်၌ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စခန်းအနီးတစ်ဝိုက်ရှိ လိုင်ရွာနှင့် အခြားနေရာများကို ယမန်နေ့ (ဩဂုတ် ၂ ရက်) ည ၁၀ နာရီမှ ၁၂ နာရီအထိ ဂျက်ဖိုက်တာ ၃ စီး၊ Y-12 လေယာဉ် ၂ စီးတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ရိုးမတောင်ကုန်းပေါ်က လိုင်ရွာဘက်ကို ၂ နာရီလောက်ထိကြာအောင် ဂျက်နဲ့ Y-12 တလှည့်စီ ကြဲတာ။ အလုံး ရေ အတော်များတယ်။ ထိခိုက်မှု အခြေအနေတော့ မသိရသေးဘူး” ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

စစ်တပ်သည် နတ်ရေကန်စခန်းသို့ အင်အားဖြည့်တင်းနိုင်ရန်အတွက် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ကူများဖြင့် မကြာခဏ စစ်ကြောင်းထိုးနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

သို့သော်လည်း အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက ပိတ်ဆို့ကာ ကြားဖြတ် တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် စစ်တပ်စစ်ကြောင်းများ နောက်ပြန်ဆုတ်သွားပြီးနောက် ရိုးမတောင်ပေါ်ရှိ ကျေးရွာများကို ယခုကဲ့သို့ ဗုံးကြဲနေခြင်း ဖြစ်သည်။

ယမန်နေ့က ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ဗုံးအလုံးရေ ၅၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပြီး နောက်ထပ် စစ်ကြောင်းများ ထပ်မံထိုးလာနိုင်ခြေ ရှိကြောင်းလည်း မြေပြင်အခြေအနေ သိရှိသူများက ပြောဆိုကြသည်။

မြေပြင်အခြေအနေ သိရှိသူတစ်ဦးက “မနေ့ကတော့ ဗုံးအလုံးရေ အတော်များများ ကြဲတာ ၄၀ ကျော်၊ ၅၀ နီးပါးရှိတယ်။ စစ်ကြောင်းထိုးဖို့ လေကြောင်းပစ်ကူတာလို့ ထင်တယ်။ အရင်တုန်းကလည်း လေကြောင်း ပစ်ကူပေးပြီး မြေပြင်စစ်ကြောင်း ထိုးခဲ့တာရှိတယ်။ ဒါပေမဲ့ ဒီဘက်ကိုတော့ ရောက်ဖို့ မလွယ်ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်မှစတင်၍ နတ်ရေကန်ဘက်သို့ စစ်တပ်ဘက်က စစ်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုး လှုပ်ရှားမှုများ ပြုလုပ်နေခဲ့ပြီး ဇူလိုင်လကုန်ပိုင်းကလည်း အာရက္ခတပ်တော် AA နှင့် ထိတွေ့တိုက်ပွဲများ ရှိခဲ့သည်။

လက်ရှိတွင် စစ်တပ်သည် ပဒါန်းမြို့ရှိ အမှတ် (၉၀၅) အမြောက်တပ်ကွပ်ကဲမှု ဌာနချုပ်မှတစ်ဆင့် ရိုးမတောင် လမ်းဟောင်းအတိုင်း ထိုးစစ်ဆင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

သို့သော်လည်း စစ်တပ်၏ စစ်ကြောင်းများသည် ဂုတ်ကြီးကျေးရွာနှင့် ပဇီကျေးရွာအနီးသို့ ရောက်ရှိလာတိုင်း တော်လှန်ရေး ပူးပေါင်းတပ်များ၏ ပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံရသဖြင့် တပ်ပြန်လှည့်နေရခြင်း ဖြစ်သည်။

လက်ရှိတွင် နတ်ရေကန်ဗျူဟာကုန်း၏ ကာကင်းစခန်း အားလုံးနီးပါးကို အာရက္ခတပ်တော်နှင့် မဟာမိတ် ပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက သိမ်းပိုက်ထားပြီးဖြစ်ကာ ပင်မဗျူဟာစခန်းကြီးကို ဝိုင်းရံပိတ်ဆို့ထားသည်။

August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...
ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...
July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...