စစ်ကောင်စီတပ်ဘက်က ဆရာဝန်တွေနဲ့ သူနာပြု ၁၀၀ ကျော်ကို အရပ်ဘက်ဆေးရုံ ထပ်ပြောင်းဖို့ စီစဉ်နေ

စစ်ကောင်စီတပ်ဘက်က ဆရာဝန်တွေနဲ့ သူနာပြု ၁၀၀ ကျော်ကို အရပ်ဘက်ဆေးရုံ ထပ်ပြောင်းဖို့ စီစဉ်နေ

အာဏာသိမ်း စစ်ကောင်စီဟာ တပ်ဘက်က စစ်ဆရာဝန်တွေနဲ့ သူနာပြု ၁၀၀ ကျော်ကို အရပ်ဘက်ဆေးရုံတွေကို ပြောင်းရွှေ့ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးအပတ်မှာ အမည်စာရင်း တောင်းခံလာတယ်လို့ တပ်မတော်ဆေးတက္ကသိုလ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ကျန်းမာရေးဝန်ထမ်းတွေ လစ်လပ်နေတဲ့ ဆေးရုံတွေမှာ စစ်ဆရာဝန်နဲ့ သူနာပြုတွေ တွဲဖက်ပြောင်းရွှေ့ခန့်အပ်ဖို့ အမည်စာရင်း တောင်းခံလာတာ ဖြစ်ပါတယ်။

အဲဒီစစ်ဆရာဝန်တွေကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်ရှိ ဆေးရုံတွေမှာ ဆေးရုံအုပ်၊ ဒုဆေးရုံအုပ် ရာထူးတွေနဲ့ တွဲဖက်တာဝန်ထမ်းဆောင် ခိုင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အရပ်ဘက်ဆေးရုံတွေမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ စစ်ကောင်စီက ရွေးချယ်ထားတဲ့ စစ်ဆရာဝန် အများစုဟာ စစ်ကောင်စီ လူကြီးပိုင်းနဲ့ နီးစပ်သူတွေသာ ဖြစ်နေတယ်လို့ တပ်မတော်ဆေးတက္ကသိုလ်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ကျန်းမာရေးဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် စစ်ဘက်ဆိုင်ရာ ဆရာဝန်တွေကို အရပ်ဘက်ဆေးရုံတွေမှာ တွဲဖက်တာဝန်ထမ်းဆောင် ခိုင်းတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း ကျန်းမာရေးယန္တရားကို ပုံမှန်အတိုင်း တည်ဆောက်နိုင်ခြင်း မရှိသေးပါဘူး။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...