ထားဝယ်က ကျေးရွာ ၈၀ ရာခိုင်နှုန်းကို နယ်မြေစိုးမိုးထားနိုင်ပြီးလို့ ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြော

ထားဝယ်က ကျေးရွာ ၈၀ ရာခိုင်နှုန်းကို နယ်မြေစိုးမိုးထားနိုင်ပြီးလို့ ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြော

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ထဲက ကျေးရွာ ၈၀ ရာခိုင်နှုန်းကို နယ်မြေစိုးမိုးထားနိုင်ပြီး မကြာခင်မှာ မြို့ပေါ်တွေအထိ နယ်မြေစိုးမိုးရေးလုပ်ငန်းစဉ်တွေ စတင် ဆောင်ရွက်တော့မယ်လို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ထားဝယ်မြို့နယ်မှာတော့ ကျေးရွာပေါင်း ၁၀၀ ကျော် ရှိနေတာ ဖြစ်ပြီး အဲဒီထဲက ကျေးရွာပေါင်း ၈၀ လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးထားတာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းစဉ်တွေကို အခုနောက်ပိုင်း ကာလတွေမှာ အရှိန်အဟုန်အမြှင့် ဆောင်ရွက်တော့မှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားကြဖို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါ့ အပြင် ထားဝယ်မြို့နယ်ထဲက ကသန်းကျေးရွာ၊ တောင်ပို့ကျေးရွာ၊ သဗျာကျေးရွာနဲ့ တလိုင်းတောင်ကျေးရွာအပြင် အာဏာသိမ်းစစ်ကောင်စီတပ်တွေအနီး နေထိုင်တဲ့ ပြည်သူတွေအနေနဲ့လည်း ပိုပြီးသတိထားဖို့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မေလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်သားတွေ ၊ မိသားစုတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရင်း တပ်ဖွဲ့နေရာတွေမှာ နေထိုင်တာတွေမလုပ်ဘဲ တိမ်းရှောင်ကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လာရောက် ပူးပေါင်းနိုင်တယ်လို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

ထားဝယ်မြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

 

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...