ပုလောတိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

ပုလောတိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံပြည်သူ ၁၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ မွန်းလွဲပိုင်းက ကျောင်းနိမ့်ကျေးရွာကို အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတို့ ၂ နာရီ နီးပါးကြာ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူနေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က တပ်အင်အား ထပ်မံဖြည့်တင်းလာတာကြောင့် ကျောင်းနိမ့်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၄ ရွာက ဒေသခံပြည်သူ ၁၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ပြည်သူ တစ်ဦးက ပြောပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ရှောင်ပြည်သူတွေကို ပုလော စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီ နဲ့ ပြည်သူ့ ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတို့က စစ်ရှောင်စခန်းနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ပြောင်းရွေ့နေရာချပေးထားသလို တချို့ စစ်ရှောင်ပြည်သူတွေကတော့ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေမှာ တိမ်းရှောင်နေကြပါတယ်။

ပုလောမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို နှစ်ဖက် တိုက်ပွဲတွေ ဖြစ်ပွားပြီး အဲဒီတိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...