ဖမ်းဆီးမည့်သူကို မတွေ့သဖြင့် ၁၀ နှစ်အရွယ်ကလေးအပါအဝင် မိသားစုအားလုံးကို ဓားစာခံအဖြစ် စစ်ကောင်စီဖမ်းဆီး

ဖမ်းဆီးမည့်သူကို မတွေ့သဖြင့် ၁၀ နှစ်အရွယ်ကလေးအပါအဝင် မိသားစုအားလုံးကို ဓားစာခံအဖြစ် စစ်ကောင်စီဖမ်းဆီး

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သူ ကိုဉာဏ်ဝင်းထက်အား မေလ ၁ ရက်နေ့ ညက စစ်ကောင်စီမှ လာရောက်ရှာဖွေရာတွင် မတွေ့သဖြင့် မိသားစုတစ်စုလုံးကို ဖမ်းဆီးသွားကြောင်း သိရ သည်။

စိတ်ပညာ ဒုတိယနှစ်ကျောင်းသား ကိုဉာဏ်ဝင်းထက်၏ ဒေါပုံမြို့နယ်ရှိနေအိမ်သို့ စစ်ကောင်စီကလာ ရောက်ရှာဖွေရာတွင် မတွေ့သဖြင့် မိဘနှစ်ပါးအပါအဝင် အိမ်သား ၇ ယောက်လုံးကို ဓားစာခံအဖြစ် ဖမ်း ဆီးသွားခြင်းဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက မဇ္ဈိမကိုပြောသည်။

“မနေ့က ည ၁၁ နာရီလောက်မှာ ကိုဉာဏ်ဝင်းထက်ကို လာရှာတာ မတွေတဲ့အတွက် သူ့မိသားစုတွေကို ဖမ်းသွားတယ်” ဟု သမဂ္ဂတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်ပြီး ၎င်းတို့ကို ဒေါပုံမြို့နယ် ရဲစခန်းအတွင်း ဖမ်းဆီးထားကြောင်း သမဂ္ဂထံမှ သိရသည်။ ယခုတစ်ကြိမ် လာရောက်ဖမ်းဆီးခြင်းသည် ကိုဉာဏ်ဝင်းထက်ကို ဒုတိယအကြိမ် လာရောက်ရှာဖွေခြင်းဖြစ်သည်။

အဆိုပါလုပ်ရပ်ကို ကျောင်းသားများသမဂ္ဂနေဖြင့် လက်သင့်ခံနိုင်ခြင်းမရှိဘဲ နိုင်ငံတကာသံရုံးများ၊ အဖွဲ့ အစည်းများကို အကြောင်းကြားသွားမည်ဖြစ်ပြီး မိသားစုများ၏အခြေအနေကို အဆက်မပြတ် စောင့် ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...