ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ် ၁၀,၀၀၀ စီမံချက်ဖြင့် ဖမ်းဆီးမည်ဟု သတင်းထွက်

ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ် ၁၀,၀၀၀ စီမံချက်ဖြင့် ဖမ်းဆီးမည်ဟု သတင်းထွက်

ရန်ကုန်တိုင်း အတွင်း မြို့နယ်အချို့တွင် တရားဝင် ဆိုင်ကယ် စီးနင်းခွင့် မရှိသော်လည်း ခေတ်အဆက်ဆက် နားလည်မှုဖြင့် စီးနင်းနေရာ စစ်ကောင်စီက ဆိုင်ကယ် ၁၀,၀၀၀ စီမံချက်ဖြင့် ဖမ်းဆီးမည် ဆိုသည့် သတင်း ထွက်ပေါ်နေကြောင်း သိရသည်။

''ဆိုင်ကယ် ၁၀,၀၀၀ စီမံချက်နဲ့ ဖမ်းမယ်ဆိုပြီး ဖမ်းတဲ့ ကောင်တွေကပဲ ပြောတာ။ ကျွန်တော့် ဆိုင်ကယ်ကို မြောက်ဥက္ကလာ ကန်သာယာ လမ်းဆုံမှာ ဖမ်းခံရတယ်၊ ဖမ်းခံရတော့ ငိုပြရတာပေါ့။ အဲဒီမှာ ၅၀,၀၀၀ နဲ့ ဈေးတည့်သွားတယ်။ နဲနဲပါးပါး အဆဲခံရပြီး မင်းတို့ နောက်ဆို မရဘူး။ ငါတို့ကို ရန်ကုန်တိုင်း အတွင်း ဆိုင်ကယ် ၁၀,၀၀၀ ဖမ်းဖို့ စီမံချက် ထွက်ထားတယ် ဆိုပြီး ပြောတာ'' ဟု ဆိုင်ကယ် အဖမ်းခံရသည့် ဘေးတွဲ ကယ်ရီသမားက ဆိုသည်။

ယခင်က ယိုးဒယားဘီး၊ ကလပ်ဘီးများ ကိုသာ ဖမ်းဆီးရာက ယခု ဘေးတွဲ ဆိုင်ကယ်များကိုပါ ဖမ်းဆီးနေကြောင်း သိရသည်။

''ကျွန်တော် ဘေးတွဲ ဆိုင်ကယ် ဖမ်းခံရတုန်းက ဆိုရင် တောင်းပန်တာ တော်တော်လေး တောင်းပန်ရတယ်။ ပြီးတော့မှ ပိုက်ဆံ ၅၀,၀၀၀ ယူလာခဲ့ ဆိုပြီး ပြောတယ်။ ဒါနဲ့ ဘေးတွဲ ဆိုင်ကယ် ထားခဲ့ပြီးငွေ ၅၀,၀၀၀ လိုက်ရှာပြီး ပြန်သွားယူတော့ ဆိုင်ကယ်နဲ့ ဘေးတွဲ ဘယ်ဟာ ယူမလဲ တစ်ခုပဲ ရမယ် ဆိုတော့ ဆိုင်ကယ်ကို ဖြုတ်ပြီး ယူလာခဲ့ရတယ်။ ဘေးတွဲကို ဒီတိုင်း ထားခဲ့ရတယ်ဗျာ" ဟု ၎င်းကဆိုသည်။

မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ကားကြီးဂိတ်တွင် နေ့စဉ် ဆိုင်ကယ် ဖမ်းဆီးမှုများ ရှိနေပြီး အမျိုးအစား အလိုက် အနည်းဆုံး ကျပ် ၃၀,၀၀၀ မှ တစ်သိန်းကျော် အထိ ပေးပြီး ပြန်လည် ရွေးယူနေရကြောင်း သိရသည်။

ရန်ကုန်တိုင်း အတွင်း သန်လျင်၊ သုံးခွ၊ ကျောက်တန်း၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကိုကိုးကျွန်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးနှင့် ထန်းတပင်မြို့နယ်များမှ လွဲ၍ ကျန်မြို့နယ် များတွင် ဆိုင်ကယ်စီးခွင့် မရှိကြောင်း သိရသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...