သံတွဲ မဘသ ဆိုင်းဘုတ်ဖြုတ်ချမည်မဟုတ်ဟုဆို

သံတွဲ မဘသ ဆိုင်းဘုတ်ဖြုတ်ချမည်မဟုတ်ဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် သံတွဲမြို့ လေးမျက်နာကုန်း၊ ပရိတ်ကျောင်းတွင် စိုက်ထူထားသည့် မဘသ ဆိုင်းဘုတ်ကို မဘသ ရဟန်းတော်များအနေဖြင့် ဖြုတ်ချမည် မဟုတ်ကြောင်း သံတွဲမြို့ သိမ်ကုန်းဆရာတော် ဦးတေစိန္ဒက နိရဥ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

“ မလိုချင်တဲ့သူတွေ လာဖြုတ်ပါစေ။ ဦးဇင်းတို့ကတော့ ဖြုတ်ဖို့အစီအစဉ် မရှိဘူး။ ဆိုင်းဘုတ်ကို ဆက်ထားပါမယ်” ဟု သိမ်ကုန်းဆရာတော်က ပြောသည်။

ဆိုင်းဘုတ်မှာ ဆေးသားများ ပျက်ပြယ်နေပြီ ဖြစ်သဖြင့် အသစ်ဆိုင်းဘုတ်ဆက်တင်ရန် အစီအစဉ် ရှိပါသလားဟု ဆက်မေးမြန်းရာ ဆရာတော်က “ ဗုဒ္ဓဓမ္မပရဟိတ ဖေါင်ဒေရှင်း အမည်နဲ့ တင်သင့် မတင်သ့င်ကို ဘုန်းကြီး သံဃာညီလာခံပြီးမှ အဖြေပေးလို့ရမယ်။ သံဃာညီလာခံကို ၀ါခေါင်လပြည့်နေ့မတိုင်မီ သိမ်ကုန်းကျောင်းမှာ သံတွဲမြို့နယ်လုံးဆိုင်ရာ သံဃာတော်တွေနဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဆရာတော်က ပြောဆိုသည်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ မဘသ အနေဖြင့် အများပြည်သူများအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်သာရှိကြောင်း၊ ရေဘေးအကူူအညီ လေဘေး အကူအညီများအား ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လာတိုင်း ကူညီနေသည့် အဖွဲ့ ဖြစ်ပါကြောင်း၊ ကျောက်ဖြူ အောင်တံခွန် ၃ နစ်မြုပ်တုန်းကလည်း ကူညီများစွာပေးခဲ့ကြောင်း ပြောကြားသည်။

“ ဦးဇင်းအနေနဲ့ ဆိုင်းဘုတ်ကို ဖြုတ်မှာမဟုတ်သလို မဘသ အဖွဲ့ဆိုတာကလဲ ပါတီနိုင်ငံရေးလုပ်နေတဲ့ အဖွဲ့မဟုတ်တဲ့ အတွက် ဘယ်သူလာဖျက်ဖျက် ပျက်မှာ မဟုတ်ပါဘူး။ အမြဲရှိနေမှာပါတကာကြီး” ဟု ပြောဆိုသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...