တီးတိန်မြို့တွင် စစ်ကောင်စီတပ်သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ကျည်ထိမှန်သေဆုံး ၃ ဦးဒဏ်ရာရရှိ

တီးတိန်မြို့တွင် စစ်ကောင်စီတပ်သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ကျည်ထိမှန်သေဆုံး ၃ ဦးဒဏ်ရာရရှိ

ချင်းပြည်နယ် တီးတိန်မြို့တွင် ဧပြီလ ၂၇ ရက် ယမန်နေ့ည ၈နာရီခန့် က စစ်ကောင်စီတပ်ဖွဲ့များ မြို့တွင်း ကင်းလှည့်ချိန်တွင် သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ကျည်ထိမှန်ပြီး ပွဲချင်းသေဆုံးကာ အနည်းဆုံး လူငယ် ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

“ ရဲနဲ့စစ်သားကင်းလှည့်ချိန်မှာ မြို့ထဲက လူငယ်တစ်ချို့က အိမ်ပြန်တဲ့လမ်းမှာ PDF ထင်ပြီး ရမ်းသမ်း ပစ်လိုက်တာ။ အဲ့မှာ တယောက်ဆုံးသွားတယ်။ မိုင်တဲလ်ကုမ္မဏီဝန်တယောက်က ဆီးအိမ်ထိသွားတယ်။ နောက်တယောက် တင်ပါးထိသွားတယ်၊ နောက်တယောက်က ခြေထောက်ထိသွားတယ်” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသူမှာ အသက် ၁၇ နှစ်အရွယ် ကိိုခိုင်လျန်မွောင် ဖြစ်ပြီး တီးတိန်မြို့၊ မြို့မရပ်ကွက် နှစ်ခြင်း ဘုရားကျောင်းရှေ့တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟုသိရသည်။

ယမန်နေ့ညတွင် မြို့မရပ်ကွက်နှင့် လွယ်ဘွာလ်းရပ်ကွက်တွင် သေနတ်ပစ်ခတ်သံများကြားရသည့်အပြင် ၂၆၉ တပ်ကုန်းအနီးအနားဝန်းကျင်တွင်လည်း နာရီဝက်ခန့်သေနတ်ပစ်ခတ်သံနှင့် ပေါက်ကွဲသံများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...