သရုပ်ဆောင်ဟိန်းထက်ရဲ့အိမ်ကို ရန်ကုန်သွေးသောက်အဖွဲ့ဆိုတဲ့အကြမ်းဖက်သမားတွေဝင်ပစ် အဘိုးဖြစ်သူသေဆုံး

သရုပ်ဆောင်ဟိန်းထက်ရဲ့အိမ်ကို ရန်ကုန်သွေးသောက်အဖွဲ့ဆိုတဲ့အကြမ်းဖက်သမားတွေဝင်ပစ် အဘိုးဖြစ်သူသေဆုံး

သရုပ်ဆောင်ဟိန်းထက်ရဲ့နေအိမ်ကို ဒီနေ့ ဧပြီလ(၂၈) ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်သွေးသောက် အဖွဲ့ဆိုတဲ့အကြမ်းဖက်သမားတွေဝင်ရောက်သေနတ်နဲ့ပစ်ခတ်လို့ သူ့ရဲ့အဘိုးဖြစ်သူသေဆုံးသွား တယ်လို့ သိရပါတယ်။

MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင်လုပ်ပြီး ပရိသတ်နဲ့ထိတွေ့ခွင့်ရလာတဲ့ သရုပ်ဆောင် ဟိန်းထက်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ ပြီးခဲ့တဲ့ နှစ်ဧပြီလက ပုဒ်မ - ၅၀၅(က) နဲ့စစ်ကောင်စီက တရားစွဲဆိုထားတာပါ။

"ကျနော့်အိမ်ကို လူတစုနဲ့ သေနတ်နဲ့ လာပစ်သွားတယ်။ အဖိုး သေနတ်မှန်ပြီး ဆုံးသွားပြီ" လို့ သရုပ်ဆောင် ဟိန်းထက်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကုန်းကျေးရွာအုပ်စု ပေါင်းကူးဉာဏရပ်ကွက်မှာ ရှိတဲ့ သူ့ရဲ့ အိမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့လည်း ရန်ကုန်သွေးသောက်အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ရေးသား ထားပါတယ်။

သရုပ်ဆောင်ဟိန်းထက်ကို သူ့မိဘတွေက သားအဖြစ်ကစွန့်လွှတ်ထားပြီး အမွေပြတ်စွန့်လွှတ်ထား တာဖြစ်တယ်လို့ သိရပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...