ရန်ကုန်မြို့နေရာအနှံ့အပြား၌ ညသန်းခေါင်ယံအချိန် ကျယ်လောင်သည့်ပေါက်ကွဲသံ တစ်ပြိုင်တည်းထွက်ပေါ်

ရန်ကုန်မြို့နေရာအနှံ့အပြား၌ ညသန်းခေါင်ယံအချိန် ကျယ်လောင်သည့်ပေါက်ကွဲသံ တစ်ပြိုင်တည်းထွက်ပေါ်

ရန်ကုန်တိုင်းအတွင်းရှိ တာမွေ၊ တောင်ဥက္ကလာပ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ၊ ဗဟန်း၊ ရန်ကင်း၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ သာကေတ၊ တောင်ဒဂုံ၊ လှိုင်သာယာစသည့် မြို့နယ်များတွင် ဧပြီ ၂၇ ရက် ၊ ည ၁၁ နာရီ ၅၀ မိနစ်ဝန်းကျင် က ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်ခဲ့သည်ကို ကြားသိရကြောင်း အဆိုပါမြို့နယ်များတွင် နေထိုင်ကြသည့် ဒေသခံများထံက သိရသည်။

“ဗုံးလို့ယူဆပါတယ်။ ပေါက်တဲ့အသံက အရမ်းကျယ်တယ်။ ပြီးတော့ အသံကို ၅ စက္ကန့်လောက်ကို ကြားနေရတယ်။ ပေါက်တဲ့အားဘယ်လောက်ပြင်းလဲဆို တိုက်ပါ တုန်တယ်” ဟု ပေါက်ကွဲသံနှင့်ပတ်သက်၍ တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ကျယ်လောင်သည့် ပေါက်ကွဲသံကို ရန်ကုန်မြို့နယ်တိုင်းလိုလိုတွင် အချိန်တူညီစွာ တစ်ပြိုင်နက်တည်း ကြားရခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ရှိဒေသခံများက ပြောကြားသည်။

“ပုံမှန်ဆိုလည်း ကျွန်မတို့တွေ ညဘက်ဆိုတာနဲ့ အဲ့လိုအသံတွေကြားနေကြပါ။ ဒီတစ်ခါကတော့ မြို့နယ်တော်တော်များများကနေကြားရတယ်။ အချိန်ကလည်း အတူတူပဲ။ အသံကိုကြားလိုက်တာနဲ့ အားပြင်းမှန်း အရမ်းသိသာတယ်။ တခုခုကိုတောင် ဖြိုချလိုက်တယ်ထင်နေတာပါ ” ဟု တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှုများနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းများက လုပ်ဆောင်ခဲ့သည်ကို ယခုထိ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...