ဝင်းရော်ဒေသက စစ်ရှောင်ပြည်သူတွေ ဆေးဝါးနဲ့ စားနှပ်ရိက္ခာ အကူအညီတွေ လိုအပ်နေ

ဝင်းရော်ဒေသက စစ်ရှောင်ပြည်သူတွေ ဆေးဝါးနဲ့ စားနှပ်ရိက္ခာ အကူအညီတွေ လိုအပ်နေ

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ဝင်းရော်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါး၊ စားနှပ်ရိက္ခာနဲ့ အထွေထွေကူညီမှုတွေ လိုအပ်နေတယ်လို့ ဝင်းရော်ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၂၃) ရက်နေ့ကစပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ တံခွန်တိုင်ကျေးရွာရဲ စခန်းနားမှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာထဲကို လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်ခဲ့လို့ ရွာသားအချို့ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

ထိတွေ့တိုက်ပွဲနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တံခွန်တိုင်ကျေးရွာအပါအဝင် ခလယ် နန်းသိုင်းထွန်း ၊ ဒိုင်လွတ် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူလူထုထောင်ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေအတွက် ဆေးဝါးနဲ့ စားနှိပ်ရိက္ခာအပါအဝင် အမိုးအကာ အကူအညီတွေ လိုအပ်နေတယ်လို့ ဝင်းရော်ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တံခွန်တိုင်ကျေးရွာဘက်ကို စစ်အင်အားထပ်မံ ဖြည့်တင်းလာပြီး စစ်ကောင်စီတပ်ချီတက်ရာ လမ်းတစ်လျှောက်မှာလည်း တောတောင်ဥယျာဉ်ခြံအတွင်းက ဒေသခံရွာသားတချို့ကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့ပါတယ်။

လတ်တလောမှာ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုက မရှိပေမယ့် ထွက်ပြေးတိမ်းရှောင်ရသူတွေအနေနဲ့ ရွာအတွင်းကို ပြန်လာနေထိုင်ဖို့ မသင့်သေးဘူးလို့ တံခွန်တိုင်ရွာခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ကေအဲန်ယူအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး တဖက်မှာ ကေအဲန်ယူထိန်းချုပ်နယ်မြေတွေထဲကို စစ်ရေးလှုပ်ရှားမှုပိုမိုလုပ်ဆောင်လာခဲ့လို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့အစည်းတွေ အဆိုအရ ဒူးပလာယာခရိုင်အတွင်းမှာ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ဘေးရှောင် ဦးရေဟာ ၃၀၀၀၀ နီးပါးရှိလာတယ်လို့ ဆိုပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...