စစ်ဘေးရှောင်နိုင်ရန် မြစ်သာမြစ်တစ်ဖက်ကမ်းသို့ ဖြတ်ကူးစဉ် တံတားကျိုးကျ၍ လူ(၁၀)ဦးကျော် ရေနစ်သေဆုံး

စစ်ဘေးရှောင်နိုင်ရန် မြစ်သာမြစ်တစ်ဖက်ကမ်းသို့ ဖြတ်ကူးစဉ် တံတားကျိုးကျ၍ လူ(၁၀)ဦးကျော် ရေနစ်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အရှေ့စည်းကျေးရွာ၏အနောက်မြောက်ဘက်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ဒိုးနွယ်ကျေးရွာနှင့် အရှေ့စည်းကျေးရွာများမှဒေသခံပြည်သူများသည် မြစ်သာမြစ်တစ်ဖက်ကမ်းရှိ တောတောင်များတွင် စစ်ဘေးရှောင်နိုင်ရန် တံတားကိုကူးဖြတ်စဉ် တံတားကျိုးကျ၍ ပြည်သူ(၁၀)ဦးကျော် ရေနစ်သေဆုံးကြောင်းဒေသခံပြည်သူများ၏ ပြောကြားချက် အရသိရသည်။

“ဒီမနက် မြစ်သာမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ တောထဲမှာစစ်ရှောင်ဖို့သွားကြတာ အစုလိုက်အပြုံလိုက် ဆိုင်ကယ်ကော လူကောအထုပ်အပိုးတွေနဲ့အစုလိုက်အပြုံလိုက် ကူးဖြတ်တဲ့ချိန် တံတားက အလယ်ကနေကျိုးသွားတာ၊ (၁၀)ယောက်ကျော်သေနိုင်တယ်”ဟု စစ်ဘေးရှောင်ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါ တံတားကျိုးကျသည့်တံတားမှာ ဒိုးနွယ်ကျေးရွာ၏ အရှေ့ဘက်မြစ်သာမြစ်ပေါ်တွင် ဝါးများ၊ အထပ်သားများတည်ဆောက်ထားကာဆောင်းရာသီနှင့်နွေရာသီတို့တွင် မြစ်သာမြစ်တစ်ဖက် ကမ်းရှိ လယ်ယာခင်းများ စိုက်ပျိုးထွန်ယက်စိုက်ပျိုးသည့်တောင်သူများဖြတ်သန်းသွားလာနိုင်ရန်တည်ဆောက်ထားခြင်းဖြစ်ပြီး ခံနိုင်ဝန်အား နည်းသည့် တံတားဖြစ်သည်။

တံတားကျိုးကျမှုတွင် ရင်ခွင်ပိုက်ကလေးအရွယ်တစ်ယောက်ပါဝင်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် အသက်ဆုံးရှုံးသူများအနက် (၄)ဦး၏ ရုပ်အလောင်းကို သာ ဆယ်ယူနိုင်သေးကြောင်း သိရသည်။

“လောလောဆယ် တိုက်ပွဲကမငြိမ်သေးတာကြောင့်သေတဲ့အထဲမှာ အသက်(၁၆)နှစ် (၁၇)နှစ်အရွယ် အလောင်း(၄)လောင်းကိုပဲ ဆယ်ယူနိုင် သေးတယ်”ဟုဒေသခံစစ်ဘေးရှောင်က ဆက်လက် ပြောကြားချက်အရသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်တောင်ပိုင်းတွင်ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ဒိုးနွယ်ကျေးရွာနှင့်အရှေ့စည်းကျေးရွာ ဒေသခံပြည်သူ( ၅၀၀၀)ဝန်းကျင်ခန့် မြစ်သာမြစ်အရှေ့ဖက်ရှိ တော တောင်ထဲတွင် စစ်ဘေးရှောင်နေကြရကြောင်းသိရသည်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...