ငြိမ်းချမ်းရေးဆွေးနွေးမည့်ကိစ္စ EAOs(၁၇)ဖွဲ့နှင့် အဆက်အသွယ်ရထားဟု စစ်ကောင်စီပြောခွင့်ရသူဆို

ငြိမ်းချမ်းရေးဆွေးနွေးမည့်ကိစ္စ EAOs(၁၇)ဖွဲ့နှင့် အဆက်အသွယ်ရထားဟု စစ်ကောင်စီပြောခွင့်ရသူဆို

စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဆွေးနွေးရန်ဖိတ်ခေါ်ထားသည့် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စအတွက် တိုင်းရင်းသား လက်နက်ကိုင်(၁၇)ဖွဲ့နှင့် အဆက်အသွယ်ရထားသည်ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဧပြီ ၂၇ ရက်)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်ပြီး NCA ရေးထိုးထားသည့် PNLO၊ CNF၊ KNLA၊ DKBA၊ ABSDF၊ MNSP၊ ALP၊ DKBA၊ LDU၊ KNU အဖွဲ့(၁၀)ဖွဲ့ထဲမှ (၉)ဖွဲ့နှင့်အဆက်အသွယ်ရရှိထားကာ NCA လက်မှတ်မထိုးရသေးသည့် UWSA၊ NSCNA၊ KIA၊ KIO၊ KNPP၊ SSPP၊ WNO၊ ANC၊ PNLA၊ MNDAA၊ AA (၁၁)ဖွဲ့ထဲမှ (၈)ဖွဲ့နှင့်အဆက်အသွယ်ရရှိထားပြီး တက်ရောက်နိုင်မည့် အခြေအနေကောင်းများရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

ထိုသို့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ခေါ်သည့်အထဲတွင် NUG နှင့် PDF တို့မပါဝင်ကြောင်းလည်း စစ်ကောင်စီက ပြောဆိုသည်။

“ကျနော်တို့ဆွေးနွေးပွဲဖိတ်ခေါ်တဲ့အထဲမှာ အကြမ်းဖက်အဖွဲ့တွေ မပါဝင်ပါဘူး။ ဘာကြောင့်မပါဝင်လည်းဆိုတော့ EAO တွေဟာ တိုင်းရင်းသားတွေရဲ့အခွင့်အရေး၊ တိုင်းရင်းသားနယ်မြေတွေရဲ့အခွင့်အရေးတွေကို တောင်းဆိုနေတာဖြစ်ပါတယ်။  PDF၊ NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေကတော့ အကြမ်းဖက်လုပ်ရပ်တွေပဲလုပ်နေပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးရန်အတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့တွင် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲသို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင်နှစ်ဦးစီ တက်ရောက်ပေးကြရန်နှင့် တက်ရောက်မည့်သူ၊ ပုဂ္ဂိုလ်များ၏အမည်ကို ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့တွင် နောက်ဆုံးထား စာရင်းပေးပို့ရန်လည်း ကြေညာထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့်ဆွေးနွေးရန် ပြောဆိုလာခြင်းဖြစ်သည်။

စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...
ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...
July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...