ကန်ချနပူရီမှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖမ်းဆီးခံရ

ကန်ချနပူရီမှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖမ်းဆီးခံရ

ဆူရာဆီ တက်စ်ဖို့စ် မှ တပ်မတော် ကင်းလှည့်အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ အလုပ်အကိုင် ရှာဖွေဖို့အတွက် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၇၆)ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

တရားမဝင် ဝင်ရောက်လာပြီး အလုပ်ရှာဖွေသူတွေကို မတူညီတဲ့နေရာ (၃) ခုမှာ ဖမ်းမိခဲ့ပြီး ထွန်ဖာဖွန် ၊ မောင်း၊ ဘန်ဟွေးနန်းခေါင် နဲ့ ဒမ်မာခမ်တိုင်တို့က (၃၉) ဦးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က  ဖမ်းစီးရမိခဲ့တာပါ။

တနင်္လာနေ့အစောပိုင်းက ဆိုင်ရို့ ခရိုင် နဲ့ ထွန်ဖာဖွန် ခရိုင် တွေမှာ နောက်ထပ် (၉) ဦးကို ထပ်မံ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ  မြန်မာနိုင်ငံက မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ပြည်နယ်တို့က ဖြစ်ကြပြီး စမွတ်စခွန်၊ ရနောင်းနဲ့ ဘန်ကောက်မြို့တွေမှာ အလုပ်အကိုင်ရရှိဖို့ ပွဲစားတွေကို ထိုင်းဘတ်ငွေ (၂) သောင်းကနေ(၃)သောင်းအထိ ပေးပြီး ဝင်ရောက်လာသူတွေဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ရွှေ့ပြောင်းအလုပ်သမားတွေကို မြန်မာနိုင်ငံ ပြန်လည် ပို့ဆောင်ဖို့ ခရိုင် ရဲစခန်းကို ဥပဒေကြောင်းအရ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...