နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားတဲ့ အဂတိမှု ဒီယနေ့အပြီးသတ် အမိန့်ချမယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားတဲ့ အဂတိမှု ဒီယနေ့အပြီးသတ် အမိန့်ချမယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အဂတိအမှုကို နေပြည်တော်အထူးတရားရုံးမှာ ဒီယနေ့အပြီးသတ် အမိန့်ချဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ အခေါက်ရွှေ (၇) ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်း ယူတယ်ဆိုတဲ့ စွပ်စွဲချက်အမှုကို ဧပြီ ၂၆ ရက်နေ့မှာ အပြီးသတ်အမိန့်ချဖို့ ပြီးခဲ့တဲ့ ရုံးချိန်းက တည်းက ချိန်းဆိုထားခဲ့ပေမယ့် အကြောင်းပြချက်မရှိပဲ နောက်တစ်နေ့ကို ရွှေ့ဆိုင်းလိုက်တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကို စွပ်စွဲထားတဲ့ အဂတိမှုဟာ စစ်ကောင်စီရဲ့ အဂတိတိုက်ဖျက်ရေး ကော်မရှင်နဲ့ စုံစမ်းစစ်ဆေးရေးအရာရှိတို့က တရားလိုပြုလုပ်ပြီး တိုင်ကြား ထားတာဖြစ်ပါတယ်။

အမှုအတွက် တရားလိုဘက်က သက်သေတွေအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်တို့က တရားရုံးမှာ ကိုယ်တိုင်ထွက်ဆိုခဲ့ကြတာပါ။

အဲဒီအမှုဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ (၁)နေ့ အာဏာသိမ်း ချိန်ကစပြီး စစ်ကောင်စီရဲ့မတရားဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပြီး အမှုဆင်ဖမ်းဆီးစွပ်စွဲခံရတဲ့ (၁၀) မှုကျော်ထဲက (၅) မှုအတွက်ထောင်ဒဏ်(၆) နှစ်ချမှတ်ခံထားရပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...