နားလည်မှုလွဲနေသည့် ချင်းလူမျိုးအချို့ကြောင့် AA ထံ စစ်ပညာသင်ယူပြီး လက်နက်နှင့် ပြန်လာသည့်ရုပ်သံထုတ်ပြန်ခြင်းဖြစ်သည်ဟုဆို

နားလည်မှုလွဲနေသည့် ချင်းလူမျိုးအချို့ကြောင့် AA ထံ စစ်ပညာသင်ယူပြီး လက်နက်နှင့် ပြန်လာသည့်ရုပ်သံထုတ်ပြန်ခြင်းဖြစ်သည်ဟုဆို

ရက္ခိုင့်တပ်တော် AA ကို နားလည်မှုလွဲနေသည့် ချင်းလူမျိုးအချို့ကြောင့် AA ထံ စစ်ပညာသင်ယူပြီး လက်နက်နှင့် ပြန်လာသည့် CDF မင်းတပ်တပ်ဖွဲ့ဝင်များ၏ ရုပ်သံသတင်းထုတ်ပြန်ခြင်းဖြစ်သည်ဟု CDF (Mindat) မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

CDF (Mindat) မှ တာဝန်ရှိသူ တစ်ဦးက “ အခုလို သတင်းထုတ်ပြန်ရတာကလဲ အရိပ်အမွတ်ပြောရုံပါပဲ AA နဲ့ ချင်းတွေကို ရန်တိုက်ပေးနေကြသလို Social media တွေမှာ အချို့ချင်းတွေက AA နဲ့ ပက်သက်ပြီး တအားသတိထားတာမျိုး ဖြစ်နေကြတာမျိုး မြင်လာရလို့ပါ”ဟု ပြောပါသည်။

ရက္ခိုင့်တပ်တော် AAထံ သို့ စစ်ပညာသင်ယူပြီး ၂၀၂၁ ခုနှစ်အောက်တိုဘာလတွင် အတွင်း မိခင်တပ်ရင်း  ပြန်လာသည့် CDF (Mindat)့ တပ်ဖွဲ့ဝင် အယောက် (၃၀) ၏ရုပ်သံသတင်းကို ဧပြီလ ၂၆ ရက်နေ့တွင် Chinland Defence Force – Mindat  ဧ။် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ်မှ ရဲဘော် ၃၀ ဦးကို ရက္ခိုင့်တပ်တော် AA မှ စစ်ပညာသင်ကြားပေးခဲ့သည့်အပြင် လက်နက်ခဲယမ်းများပါ ထောက်ပံ့ခဲ့ကြောင့်း CDF မင်းတပ်က ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

ရက္ခိုင့်တပ်တော် AAထံ သို့ စစ်ပညာသင်ယူကြသည့် အဖွဲ့အစည်းများထဲတွင် မင်းတပ်အပြင် ချင်းနှင့် ယောဒေသဖက်မှ အချို့အဖွဲ့များလည်း ပါဝင်ကြောင်း CDF (Mindat) မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...