ဟားခါး-ဂန့်ဂေါလမ်းတိုက်ပွဲ စစ်ကောင်စီဘက် အကျဆုံးများ

ဟားခါး-ဂန့်ဂေါလမ်းတိုက်ပွဲ စစ်ကောင်စီဘက် အကျဆုံးများ

ချင်းပြည်နယ် ဟားခါး-ဂန့်ဂေါကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Hakha ပူးပေါင်းတပ်ဖွဲ့တို့ ၂ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများခဲ့ပြီး အနည်းဆုံး အယောက် ၃၀ ခန့် သေဆုံးနိုင်သည်ဟု သိရသည်။

မကွေးတိုင်း ဂန့်ဂေါဘက်မှ ဟားခါးမြို့သို့ စစ်အင်အားဖြည့်တင်းရန်ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည့် ဧပြီလ ၂၃ ကစ၍ ဟားခါး-ဂန့်ဂေါလမ်း လုံကျွေးနှင့် လမ်သုတ်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနည်းဆုံးအယောက် ၃၀ ခန် ့သေဆုံးသည်ဟု CDF- Hakha မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

“၂၃ ရက်နေ့ကစတာ ဒီနေ့နဲ့ဆိုရင် ၃ ရက်ရှိပြီ။ မနေ့က ၃ ကြိမ်တိုက်ပွဲဖြစ်တယ်။ သူတို့ဖက်က နှစ်ရက်ပေါင်း လိုက်ရင် ၃၀၊ ၄၀ ကျမယ်။  ကျွန်တော်တို့ရဲဘော်ဘက်တစ်ယောက် လက်နက်ကြီးထိမှန်ထားတယ် သိပ်ပြီး တော့စိုးရိမ်စရာမရှိပါဘူး။ သူတို့က ဟားခါးဖက်ကို အင်အားဖြည့်ဖို့ ခြေလျင်နဲ့ပဲ တက်လာတယ် လူအင်အား အလုံးအရင်းနဲ့ အသုံးပြုတာပေါ့။” ဟု  CDF- Hakha မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်အား ၄၀၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့မှ မိုင် ၄၀ လောက်ကွာဝေးသော လမ်းသုတ်ကျေးရွာသို့ရောက်ရှိနေကြပြီး တိုက်ပွဲထပ်မံဖြစ်ပွားနိုင်သည်ဟု သိရသည်။ ဟားခါး-ဂန်ဂေါကြားရှိ ကျေးရွာများမှဒေသခံပြည်သူများသည်လည်း တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လလယ်ပိုင်းကလည်း ဟားခါး- ဂန့်ဂေါ်ကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် သီနမ်းကျေးရွာမှ လူနေအိမ် ၇ လုံး နှင့် ပြည်သူပိုင်အဆောက်အဦး ၂ လုံး စုစုပေါင်း ၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၂၈ ရက် မနက်ပိုင်း ၁၀ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

အလားတူ ယမန်နေ့ ဧပြီလ ၂၅ ရက်ကလည်း ဟားခါးမြို့နယ် ချွန်ကျူံးကျေးရွာအဝင်တွင် စစ်ကောင်စီတပ်နှင့် CDF-Hakha တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ CDF-Hakha ဘက်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...