မန္တလေးမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးမြို့တွင် ယမန်နေ့ ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ် ခံလိုက်ရကြောင်း သတင်းရရှိသည်။

“ ပျူစောထီးလို့သတင်းကြီးနေတာကြာပြီ။ နေ့လယ် ၁၂ နာရီကျော်လောက်က လူသုံးလေးယောက် လောက်က ဆိုင်ကယ်တွေနဲ့ရောက်လာပြီး ပစ်သတ်သွားတာပါ” ဟု ပြည်ကြီးပျော်ဘွယ် အနောက်ရပ် ကွက်၌ နေထိုင်သူတစ်ဦးကပြောသည်။

သေဆုံးသူသည် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက် ၈၈ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့မှ ဦးမောင်ဆန်း(အသက် ၅၈ နှစ်)ဖြစ်ကြောင်းသိရပြီး သေနတ် ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် မဇ္ဈိမ၏ သတင်းရင်းမြစ်က အတည်ပြုသည်။

“ ကျောပြင်နဲ့တင်ပါးမှာ ဖောက်ဝင်ဒဏ်ရာနှစ်ချက်နဲ့ သေတာပါ။ ဆေးရုံပို့လိုက်သေးတယ်ဗျ။ ဆေးရုံ ရောက်ပြီး နာရီပိုင်းအကြာမှ သေတာပါ ” ဟု ၎င်းက ဆိုသည်။

ပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်ကြောင်း လတ်တလောမသိရသေးဘဲ မန္တလေးမြို့တွင် မီးသတ်တပ်ဖွဲ့ဝင်ပစ်သတ်ခံရမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...