ကုလသမဂ္ဂ၊ အာဆီယံ၊ တရုတ်၊အိန္ဒိယအပါအဝင် အိမ်နီးချင်းနိုင်ငံတွအကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးအရေးယူဖို့ GSCB တောင်းဆို

ကုလသမဂ္ဂ၊ အာဆီယံ၊ တရုတ်၊အိန္ဒိယအပါအဝင် အိမ်နီးချင်းနိုင်ငံတွအကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးအရေးယူဖို့ GSCB တောင်းဆို

သပိတ်အင်အားစုတွေအပေါ်  အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေမှုတွေကို ကုလသမဂ္ဂ၊ အာဆီယံ၊ တရုတ်နှင့် အိန္ဒိယအပါအဝင် အိမ်နီးချင်းနိုင်ငံများအနေနဲ့ အမြန်ဆုံးအရေးယူပေးဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှနှိုင်းရေးအင်းအားစု GSCB က ဒီနေ့( ဧပြီလ ၂၄)မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့အာဏာကို အတင်းအဓမ္မသိမ်းယူခဲ့တဲ့ တစ်နှစ်ကျော် အတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူ(၁၀၂၉၀) ဦးကို မတရားဖမ်းဆီး နှိပ်စက် အကျဥ်းချထားပါတယ်။

နေအိမ်တွေ ချိတ်ပိတ်တာ ကားဖြင့်တိုက်ပြီး အကြမ်းဖက်ဖမ်းဆီးတာနဲဖမ်းဆီးခံရသူ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကြောရေးမှာ လူ့အခွင့်အရေးချိုးဖောက်ပြီး လူမဆန်စွာ ညှင်းပန်း နှိပ်စက်တာ (အထူးသဖြင့် အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေကို ဇောက်ထိုးထား တွဲလောင်းချပြီး ညှင်းပန်းနှိပ်စက်ခြင်း)၊ လူ့အခွင့်အရေးချိုးဖောက် ဖမ်းဆီးနှိပ်စက်ပြီးနောက် စစ်ရာဇဝတ်မှု မြောက်စွာ  သတ်ဖြတ်ခဲ့ခြင်းတို့ကို  ကျူးလွန်ဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို ပြည်သူတွေကို ဦးတည်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ စစ်ကောင်စီကို  အမြန်ဆုံး ထိထိရောက်ရောက် ဖိအားပေး အရေးယူရေးယူဖို့ တောင်းဆိုနေရတာလို့ GSCBက ဆိုပါတယ်။

ပြည်သူတွေအနေနဲ့  စစ်တပ်နဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး အပြည့်အဝအရေးယူနိုင်တဲ့အထိ ဆက်လက်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်ကြဖို့ GSCBက တိုက်တွန်းနှိုးဆော်ထားတာပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...