သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာတွင် ကားဟွန်းတီးသည်ကို မဖယ်ပေး၍ ပြည်သူကို စစ်ကောင်စီတပ်ဖွဲ့ ပစ်သတ်

သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာတွင် ကားဟွန်းတီးသည်ကို မဖယ်ပေး၍ ပြည်သူကို စစ်ကောင်စီတပ်ဖွဲ့ ပစ်သတ်

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ ရန်တောင်ရွာ စာသင်ကျောင်း အနီးတွင် လမ်းပေါ်သွားလာနေသည့် ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်သားများက အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သားများက အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့သူမှာ အသက် ၃၀ နှစ် အရွယ်ရှိ ကိုစိုင်းမောင်ဆိုသူ ဖြစ်ပြီး ဧပြီ ၂၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ပါဝင်သည့် စစ်ကောင်စီ တပ်ဖွဲ့က အိမ်စီးကား ပေါ်မှနေ၍ ပစ်ခတ် သွားခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“စစ်တပ်က ကား လေးစီးနဲ့ ထားဝယ်ကနေ ဆင်းလာတာပါ။ ရွာမှာက စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ နေရာ တချို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ထားတယ်။ လာစစ်ဆေးချိန်မှာ လမ်းလျှောက်လာတဲ့သူကို ကားဟွန်းတီးတာ မဖယ်ပေးလို့ ဆိုပြီး သေနတ်နဲ့ ပစ်တာ ”ဟု သရက်ချောင်းမြို့နေ ဒေသခံ တစ်ဦးကပြောသည်။

ကိုစိုင်းမောင်ကို စစ်ကောင်စီတပ်သားများက ညောင်ဇင်ရွာနှင့် ရန်တောင်ရွာ အကြားတွင် သေနတ်နှင့် အတွဲလိုက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားမျာသည်း ရန်တောင်ရွာလယ် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်းသိရသည်။ စစ်ကောင်စီ တပ်သားများသည် ရွာအတွင်းသို့ ကင်းလှည့်လည်၍ သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်းကြာင့် နေအိမ်တချို့ ထိမှန်ကာ ရွာသားတချို့ ကြောက်လန့်၍ ထွက်ပြေး ပုန်းရှောင် နေကြရကြောင်း သိရသည်။

အဆိုပါ ရန်တောင် ရွာတွင် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းက မင်္ဂလာပွဲ ကျင်းပနေသည့် နေအိမ် အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...