ဝန်းသိုမြို့နယ်တွင် စစ်ကောင်စီတပ် ရွာလုံးကျွတ်မီးရှို့၊ မီးမရှို့ရန်တားမြစ်သည့် သံဃာတော် ပစ်ခတ်ခံရ

ဝန်းသိုမြို့နယ်တွင် စစ်ကောင်စီတပ် ရွာလုံးကျွတ်မီးရှို့၊ မီးမရှို့ရန်တားမြစ်သည့် သံဃာတော် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ရှိ ရွာများကို စစ်ကောင်စီတပ်ဖွဲ့ကဧပြီလ ၂၃ ရက် ညပိုင်းမှစတင်ကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည့်အတွက် မီးမရှို့ရန်တားမြစ်သည့် သပြေသာရွာက သံဃာတော်တစ်ပါး ပစ်ခတ်ခံရ၍ ပျံလွန်တော်မူသွားသည်ဟု ဒေသခံထံမှ သိရသည်။

ယင်းအပြင် သပြေသာရွာမှ အမျိုးသမီးတစ်ဦးလည်း ပစ်ခတ်ခံရ၍ သေဆုံးသွားပြီး ကြိုင်းခွင်ရွာ၊စိန်လည်ရွာနှင့် အောင်ကုန်းရွာရှိပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

"စစ်ကောင်စီတပ်ဖွဲ့က ရှုံးမဲမဲနေတာ၊ မီးရှို့ခံရတဲ့ရွာတွေလည်း ရှစ်ရွာလောက်ရှိပြီ။ ဖမ်းဆီးခံရတာရော၊ ပစ်သတ်ခံရတာတွေပါရှိတယ်။ တချို့ရွာတွေဆို မီးရှို့ခံရတာ ရွာလုံးကျွတ်ဖြစ်နေပြီ " Wuntho Revolution WR အဖွဲ့က မဇ္ဈိမကိုပြောသည်။

ဝန်းသိုမြို့နယ်အခြေစိုက် ခမရ (၁၁၁) တပ်မှ စစ်အင်အား ၅၀ခန့်ဖြင့် မီးရှို့ဖျက်ဆီး၍ ပြည်သူများကို ပစ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

မီးရှို့ခံရသည့်ရွာများမှာ စိန်လည်၊သပြေသာ၊ ရှမ်းစု၊ အလည်ခုံ၊ အောင်းကုန်း၊ ဥသျှစ်ခုံ၊ ကျောက်ပေါက်ခုံနှင့် ကျွန်းလှခုံရွာများဖြစ်ပြီး အဆိုပါရွာများထဲမှ စိန်လည်၊ သပြေသာနှင့် ရှမ်းစုရွာ တို့မှာ ရွာလုံးကျွတ်မီးရှို့ခံရသည်ဟု သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝန်းသိုမြို့နယ် တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ရှောင်ရွာပေါင်း ၄၀နီးပါး အထိရှိလာပြီး စစ်ဘေးရှောင်ပြည်သူ နှစ်သောင်းငါးထောင် နီးပါးဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...