ရွာငံမြို့နယ်တွင် PDF စခန်း ၁ ခု ဝင်စီးခံရပြီး အကြမ်းဖက်စစ်ကောင်စီက အင်အားအများအပြားသုံး ဖိနှိပ်မှုများပြုလုပ်နေ

ရွာငံမြို့နယ်တွင် PDF စခန်း ၁ ခု ဝင်စီးခံရပြီး အကြမ်းဖက်စစ်ကောင်စီက အင်အားအများအပြားသုံး ဖိနှိပ်မှုများပြုလုပ်နေ

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အနောက်ဘက်ရှိ တောင် ကြားသို့ အင်အားအများအပြားသုံးပြီး ထိုးစစ်ဆင်ကာ PDF စခန်းတစ်ခုကို သိမ်းပိုက်လိုက်ကြောင်း သိရ သည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်ရာတွင် ကုန်းကြောင်းသာမကဘဲ ရာသီဥတုဆိုးရွားနေသည့် ကြားမှ တိုက်လေယာဉ်သုံးစင်းဖြင့် အဆိုပါတောင်ကြားတွင် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းလည်း သိရ သည်။

“လက်ရှိမှာတော့ အတွင်းကအဆက်အသွယ်ရှိတဲ့သူတွေကို ဆက်သွယ်လို့မရသေးလို့ပါ။ ဖြစ်နိုင်တာ ကတော့ TPDF နဲ့ YUG စခန်းဖြစ်ဖို့များတယ်" ဟု ရှမ်းတောင်တော်လှန်ရေးအင်အားစုမှတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG)နှင့် တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်း တပ်ဖွဲ့ တို့ ဝင်စီးခံရခြေများသည်ဟု သိရသည်။

အကြမ်းဖက်စစ်ကောင်စီမှ ရွာငံမြို့နယ်အတွင်း လူနေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီး ခေါ်ဆောင်ပြီး ဖိနှပ်ခံနေရခြင်းအပေါ် ရှမ်းပြည်နယ်တောင်ပိုင်းတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက လည်း ယခုကဲ့သို့ဆက်သွယ်ပြောဆိုသည်။

“ အခု ရွာငံမှာ ဒီလိုဖိခံနေရတာကို မီဒီယာတွေ လူထုက သိပ်မသိကြဘူး။ ရွာငံကတော်လှန်ရေးတပ်ဖွဲ့ တွေကလည်း ထောက်ပံ့မှုအလုံအလောက်မရတဲ့အပြင် အခုလို ထိုးစစ်ဆင်ခံနေရတာများလာတော့ ကြာရင်မလွယ်တော့ဘူးလို့မြင်မိတယ်။ ရှမ်းတောင်ဟာလည်း တော်လှန်ရေးမှာ တစိတ်တပိုင်းကနေ ပါဝင် နေတယ်ဆိုတာကို ပြည်သူလူထုကိုသိစေချင်တယ်။ အခုလို ရွာငံဘက်မှာ ဖိခံနေရတာတွေကို များများ speak out လုပ်ပေးစေချင်တယ်။ ရှမ်းတောင်ကို ပစ်မထားကြပါနဲ့လို့ ရှမ်းတောင်မှာ ဘာသိ ဘာသာ နေ နေသူတွေများပေမဲ့ တကယ်လုပ်နေသူတွေ အခက်အခဲဖြစ်နေကြတယ်။ အကူအညီ လိုနေ ကြပါတယ်" ဟု မဇ္ဈိမကိုပြောသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...