ထားဝယ်-မြိတ်ကားလမ်းအနီး တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

ထားဝယ်-မြိတ်ကားလမ်းအနီး တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပန်းပြင်နဲ့သရက်နှခွရွာကြား ထားဝယ်-မြိတ်ကားလမ်းအနီးမှာ ဧပြီ ၂၀ ရက်နေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွား‌နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်းပြင်ရွာ၊ ဥတုနဲ့သရက်နှခွရွာကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒေသပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ပြီးနောက် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေတာပါ။

"မနက်အစောပိုင်းကတည်းက ဖြစ်နေတာ။ စစ်ကောင်စီတပ်စခန်းကို ဝင်ပစ်တာလို့ သိရတယ်။ လောလောဆယ်တော့ စကစ ဘက်က ထိခိုက်သေဆုံးများနေတယ်။ လတ်တလောအခြေအနေကတော့ ဒီလောက်ပဲသိရသေးတယ်''လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

၃ နာရီကျော်ကြာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်‌သေဆုံးနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လူနာတင်ကားတွေနဲ့ လာရောက်သယ်ဆောင်သွားတာတွေ လုပ်ဆောင်နေတာပါ။

လက်ရှိမှာတော့ တိုက်ပွဲ ခဏငြိမ်သက်နေပေမယ့် ထားဝယ်-မြိတ်ကားလမ်းမပေါ်မှာ ကုန်တင်ကားနဲ့ ခရီးသွားကာ ရာနဲ့ချီ ပိတ်မိနေပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...