ထားဝယ်-မြိတ်ကားလမ်းအနီး တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

ထားဝယ်-မြိတ်ကားလမ်းအနီး တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပန်းပြင်နဲ့သရက်နှခွရွာကြား ထားဝယ်-မြိတ်ကားလမ်းအနီးမှာ ဧပြီ ၂၀ ရက်နေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွား‌နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်းပြင်ရွာ၊ ဥတုနဲ့သရက်နှခွရွာကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒေသပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ပြီးနောက် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေတာပါ။

"မနက်အစောပိုင်းကတည်းက ဖြစ်နေတာ။ စစ်ကောင်စီတပ်စခန်းကို ဝင်ပစ်တာလို့ သိရတယ်။ လောလောဆယ်တော့ စကစ ဘက်က ထိခိုက်သေဆုံးများနေတယ်။ လတ်တလောအခြေအနေကတော့ ဒီလောက်ပဲသိရသေးတယ်''လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

၃ နာရီကျော်ကြာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်‌သေဆုံးနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လူနာတင်ကားတွေနဲ့ လာရောက်သယ်ဆောင်သွားတာတွေ လုပ်ဆောင်နေတာပါ။

လက်ရှိမှာတော့ တိုက်ပွဲ ခဏငြိမ်သက်နေပေမယ့် ထားဝယ်-မြိတ်ကားလမ်းမပေါ်မှာ ကုန်တင်ကားနဲ့ ခရီးသွားကာ ရာနဲ့ချီ ပိတ်မိနေပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...