ဘီးလင်းက စစ်ကောင်စီအမြောက်တပ် တိုက်ခိုက်ခံရ

ဘီးလင်းက စစ်ကောင်စီအမြောက်တပ် တိုက်ခိုက်ခံရ

ဘီးလင်းမြို့နယ်၊ အဝင်းကြီးကျေးရွာရှိ စစ်ကောင်စီအမြောက်တပ်ကို ဧပြီလ ၁၇ ရက်နေ့ နေ့လည်ပိုင်းက သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီအမြောက်တပ်ကို KNLA တပ်မဟာ(၁)တပ်ရင်း(၂)၊ သထုံပြည်သူ့ကာကွယ်ရေးအင်အားစု(TPDF)၊ ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့က ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်အသုံးပြု သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

"သွားပစ်တာက ဟုတ်တယ်။ ထိခိုက်မှုအခြေနေတော့ မသိရသေးဘူး''လို့ KNLA တပ်မဟာ(၁)သထုံခရိုင် ဥက္ကဌ ပဒိုစောစိုးမြင့်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီအမြောက်တပ်အပစ်ခံရတာကြောင့် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးငယ်တွေနဲ့ပြန်လည်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

KNLA ပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က အနည်းဆုံး ၃ ဦး ထိခိုက်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"တိုက်ခိုက်ခံရပြီး စကစ ဘက်က ထိခိုက်မှုရှိနိုင်တယ်လို့သိရတယ်။  ၃ ဦးလောက်တော့ထိခိုက်နိုင်တယ်။ ဒဏ်ရာပြင်းမပြင်းတော့ သေချာမသိရဘူး။ ''လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဘီးလင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေ၊ ဂိတ်စခန်းတွေ၊ စစ်ကောင်စီလက်အောက်ခံ ရုံးတွေကို KNLA ပူးပေါင်းအဖွဲ့တွေက မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...