ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်အား ချီးမြှင့်ထားသည့် လူမှုထူးချွန်ဆု ပြန်လည်ရုပ်သိမ်းခံရ

ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်အား ချီးမြှင့်ထားသည့် လူမှုထူးချွန်ဆု ပြန်လည်ရုပ်သိမ်းခံရ

အာဏာသိမ်းစစ်ကောင်စီက အမိန့်ကြော်ငြာစာအမှတ်(၅၄/၂၀၂၂)ဖြင့် ၎င်းတို့ချီးမြှင့်သည့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီခိုင်သင်းကြည်၏ လူမှုထူးချွန်တံဆိပ်(ဒုတိယအဆင့်)အား ယနေ့ ဧပြီလ ၁၇ ရက်နေ့ တွင် ပြန်လည်ရုပ်သိမ်းကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သော မတ်လ ၂၇ နေ့က ရုပ်ရှင်သရုပ်ဆောင်ခိုင်သင်းကြည်အပါအဝင် အနုပညာရှင်အများအပြားကို အာဏာသိမ်းစစ်ကောင်စီက ဘွဲ့တံဆိပ်မျိုးစုံချီးမြင့်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဧပြီ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံ အုပ် ချုပ်ရေးကောင်စီက ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်အား အမိန့်ကြော်ငြာစာ အမှတ် ၅၄/၂၀၂၂ ဖြင့် ချီးမြှင့်ပေးအပ်ခဲ့သည့် လူမှုထူးချွန်တံဆိပ်(ဒုတိယအဆင့်)အား ၂၀၀၉ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက် အပိုဒ် ၆၇ နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ တို့အရ ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်ဟုဆိုကာ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြခဲ့ ခြင်းဖြစ်သည်။

ထို့အပြင် ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်ကို လူမှုထူးချွန်တံဆိပ် ရုပ်သိမ်းခြင်းနှင့်အတူ မတ်လ ၂၇ ရက် တပ်မတော်နေ့က လူမှုထူးချွန်တံဆိပ်(တတိယအဆင့်) ပေးအပ်ခဲ့သည့် သရုပ်ဆောင် စိုးမြတ်သူဇာကို လူမှုထူးချွန်တံဆိပ်(ဒုတိယအဆင့်)ကို ထပ်မံတိုးမြှင့်ကြောင်း ယနေ့ထုတ် စစ်ကောင်စီ၏ဝါဒဖြန့်သတင်း စာများတွင် ဖော်ပြထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...