လောက်ကိုင်တွင် တိုင်းစစ်ဌာနချုပ်အသစ်ဖွင့်ရန် စီစဉ်နေ

လောက်ကိုင်တွင် တိုင်းစစ်ဌာနချုပ်အသစ်ဖွင့်ရန် စီစဉ်နေ

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်သို့ တိတ်တဆိတ်သွားရောက်သည့်ခရီးစဉ်မှာ လောက်ကိုင်တွင် တိုင်းစစ်ဌာနချုပ်အသစ်ဖွင့်လှစ်ရန်ကိစ္စဖြစ်ကြောင်း ပြည်နယ်အခြေစိုက် ပြည်သူ့စစ်အရာရှိတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့က စစ်ကောင်စီဥက္ကဌသည်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်သို့သွားရောက်ခဲ့ပြီး လောက်ကိုင်ဒေသကွပ်ကဲမှုဌာနချုပ်အဖြစ်တိုးမြှင့်ရန် စီစဉ်ခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

” လောက်ကိုင်ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) ကိုတိုင်းအဆင့်တိုးမယ်ဆိုတာ ကျွန်တော်တို့ကြားထားတာ ခြောက်လလောက်ရှိပြီ။ အခုလည်းသူတို့စီစဥ်နေတာပေါ့နော်... ကြားတာကတော့ မုံးကိုး၊ မုံးစီးဘက်ကိုကောင်းကောင်းကြည့်နိုင်အောင်လို့ ပြောတယ်”ဟုပြောပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ပင်ရှိသော မုံးကိုးမှာ တရုတ်နယ်စပ်အနီးတည်ရှိပြီး မုံးစီးမှာ ကွတ်ခိုင်နယ်ထဲတွင်တည်ရှိသည်။ အဆိုပါဒေသများတွင် ကိုးကန့်အခြေစိုက် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တအာန်းလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ လှုပ်ရှားမှုအားကောင်းလျှက်ရှိကြသည်။

ရှမ်းပြည်နယ်တွင် တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့်ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာချုပ်တို့ရှိရာ ယခုတိုင်းစစ်ဌာချုပ်အသစ်ထပ်မံဖွင့်လှစ်ပါက စစ်ဌာနချုပ်ငါးခုအထိရှိသွားမည်ဖြစ်သည်။

နေရာအများအပြားတွင် စစ်ပွဲများဖြစ်နေခြင်းနှင့် စစ်အင်အားစုဆောင်းရေးခက်နေခြင်းတို့ကြောင့် စစ်ကောင်စီတပ်၏ စစ်တိုင်းအဆင့်တိုးမြှင့်ခြင်းဟုဆိုသော်လည်း ဒေသတွင်းရှိပြီးသားတပ်များကိုသာ အစုအဖွဲ့ပြင်ဆင်ဖွဲ့ခြင်းသာ လတ်တလောလုပ်နိုင်ဖွယ်ရှိကြောင်း ဒေသတွင်း စစ်ရေးအကဲခတ်များက ပြောသည်။

၂၀၁၅ ခုနစ်တွင် MNDAA ကိုးကန့်တပ်ဖွဲ့နှင့်တိုက်ပွဲများဖြစ်ပွားပြီး နောက်ပိုင်းတိုက်ပွဲမျာ ဖြစ်ပွားခဲ့ခြင်းမရှိတော့ဘဲ မုံးကိုး၊မုံးစီး၊ကွတ်ခိုင် အစရှိသောဒေသများတွင်မူတိုက်ပွဲများဖြစ်ပွားနေသည်။

တိုင်းစစ်ဌာနချုပ်ကို ဗိုလ်ချုပ်အဆင့် တိုင်းမှူးက ဦးဆောင်ပြီး စစ်ဌာနချုပ်နယ်မြေနှင့် ဆက်စပ်နယ်မမိတ်များ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား ဆောင်ရွက်ရသည်။ ဒကစကိုတော့ ဗိုလ်မှူးချုပ်အဆင့်က ဦးဆောင်ပြီး တိုင်းစစ်ဌာနချုပ်လက်အောက်ခံဖြစ်သည်။

စစ်ခေါင်းဆောင်သည် ရှမ်းပြည်ခရီးစဉ်အတွင်း လောက်ကိုင်၊ လားရှိုး၊ သိန္ဒီ မြို့များသို့လည်းသွားရောက်ခဲ့သေးသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...