ထားဝယ် ကလေးသင်္ကြန်မှာ ရေကစားသူ မရှိ

ထားဝယ် ကလေးသင်္ကြန်မှာ ရေကစားသူ မရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ဒေသမှာ နှစ်စဉ်နှစ်တိုင်း သင်္ကြန်အကြိုရက် မတိုင်ခင် ၂ ရက်အလိုမှာ ကျင်းပလေ့ရှိတဲ့ ကလေးသင်္ကြန်ဟာ ဒီနှစ်မှာတော့ ရေပက်ကစားသူ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ်ဒေသမှာတော့ သင်္ကြန်မကျမီ ၂ ရက်အလိုမှာ သင်္ကြန်အဆန်းဆိုတဲ့ ကလေးသင်္ကြန် ကျင်းပလေ့တဲ့ ဓလေ့ တစ်ခု ရှိပါတယ်။

ဒါပေမယ့် ဒီနှစ်မှာတော့ စစ်တပ် အာဏာသိမ်းကာလအတွင်း ကျရောက်နေတာကြောင့် ကလေးသင်္ကြန် ပြုလုပ်တာ မရှိသလို ကလေးတွေလည်း ရေပက်ကစားတာ မရှိဘူးလို့ ထားဝယ်ဒေသခံ တစ်ယောက် က ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ သင်္ကြန်ပွဲတော် စည်းကားဖို့အတွက် လောင်းလုံး၊ ထားဝယ်၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တို့မှာ သင်္ကြန်မဏ္ဍပ် ၈ ခု ဆောက်လုပ်ထား သလို သင်္ကြန်ပွဲတော်မှာ ရေလာကစားဖို့ လိုက်လံ စည်းရုံးနေတာတွေရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ သင်္ကြန်မဏ္ဍပ်မှာ ဖျော်ဖြေပေးဖို့ တီးဝိုင်းတွေ လိုက်လံ ဌားရမ်းနေပေမယ့် လာရောက် တီးခတ်မယ့်သူ မရှိတာကြောင့် တီးဝိုင်းအဖွဲ့တွေကို ဖိအားပေးတာတွေ လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

ထားဝယ်တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီက ကျင်းပမယ့် သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲတာတွေ မလုပ်ဖို့ တိုက်တွန်းထားသလို သင်္ကြန်အကျနေ့မှာ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ကို ဆန့််ကျင်ကြောင်း အသံတိတ် သပိတ် ပြုလုပ်ပေးကြဖို့ နှိုးဆော်ထားပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...