စစ်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် တပ်သားများ မူးဝေအသက်ရှူကျပ်ဟု KNLA ဆို

စစ်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် တပ်သားများ မူးဝေအသက်ရှူကျပ်ဟု KNLA ဆို

ကရင်ပြည်နယ် KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ မြဝတီခရိုင် လေးကေ့ကော်မြို့သစ်သို့ ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ် တိုက်လေယာဉ် နှစ်စီးဖြင့် ၂၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လူနေအိမ် အဆောက်အအုံများ ပျက်စီးခဲ့သည့် အပြင် တပ်သားများ အော့အန်ခြင်း မူးဝေခြင်း အသက်ရှုကျပ်ခြင်း စသည့် လက္ခဏာများ ခံစားခဲ့ရကြောင်း KNLA က ထုတ်ပြန်သည်။

“ပထမက ဗုံးတွေကြဲတာ နောက်ကြတော့ ဗုံး နှစ်လုံးက ကွဲသွားတဲ့ အချိန် အဝါရောင် အငွေ့တွေ ထွက်လာတယ်၊ အဲ့အငွေ့တွေကို ရှူတဲ့ အချိန်မှာ ရဲဘော်တွေက အသက်ရှူကျပ်တာ အော့အန်တာ မူးဝေတာတွေ ဖြစ်ခဲ့တယ်ဗျ၊ အယောက် ၅၀ ဝန်းကျင်လောက် ဖြစ်ခဲ့တာ၊ အချိန်က သုံးနာရီလောက် ကြာခဲ့တယ်၊ အခုတော့ ဆေးအဖွဲ့နဲ့ ကုလိုက်တော့ သက်သာသွားပါပြီ၊ ဓာတုဗုံးလို့လည်း ပြောလို့မရသေးဘူး၊ သက်သေတွေ စုနေပါတယ်၊ သူတို့ ကြဲချလိုက်တဲ့ ဗုံးအပိုင်းအစတွေကို ရနိုင်သလောက် လိုက်စုနေတယ်” ဟု Cobra စစ်ကြောင်း ပြောခွင့်ရသူက ပြောသည်။

စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဓာတုဗုံးကြဲ တိုက်ခိုက်ခဲ့သည် ဆိုသည့် ယူဆချက်များ ထွက်ပေါ်နေ သော်လည်း မဇ္ဇျိမ သတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ခွဲမှူး ဗိုလ်ကြီးတင်လင်းခိုင်ကို ဖမ်းမိခဲ့ပြီး တပ်သား အလောင်း ၁၂ လောင်းနှင့် လက်နက်ခဲယမ်းများ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNLA ဘက်မှ နှစ်ဦး ကျဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...