ချင်းတော်လှန်ရေး ရန်ပုံငွေအတွက် တူမီးထီ ဖွင့်လှစ်မည်

ချင်းတော်လှန်ရေး ရန်ပုံငွေအတွက် တူမီးထီ ဖွင့်လှစ်မည်

နိုင်ငံတကာရောက် ချင်းလူမျိုးများဖြင့် ဖွဲ့စည်းထားသော ချင်းရန်ပုံငွေအဖွဲ့ Chin Relife Funding Program (CRFP) ၏ ပထမဆုံး စီမံကိန်းအဖြစ် တူမီးထီ (Chin Digital Lottery) အား ယနေ့ ဧပြီလ ၁၁ ရက်တွင် စတင် ရောင်းချမည် ဖြစ်ကြောင်း ယင်းအဖွဲ့က ကြေညာသည်။

တူမီးထီ အစီအစဉ်ကို အင်တာနက်မှ တစ်ဆင့် လွယ်ကူစွာ ပါဝင်နိုင်မည် ဖြစ်ပြီး ထီထိုးပုံ အဆင့်ဆင့်အား CRFP Facebook Page တွင် အသေးစိတ် လေ့လာနိုင်ကြောင်း ဆိုသည်။

တူမီးထီသည် တော်လှန်ရေး ကာလအတွင်း ရန်ပုံငွေ ရှာဖွေရေး အတွက် ယာယီ သတ်မှတ်ထားသော အမည် ဖြစ်ပြီး ချင်းပြည်အစိုးရသစ် ပေါ်ပေါက် လာပါက Federal Lottery အဖြစ် ချင်းဖက်ဒရယ် အစိုးရထံ တရားဝင် အပ်နှံမည် ဖြစ်ကြောင်း ဖော်ပြသည်။

ချင်းရန်ပုံငွေအဖွဲ့၏ လုပ်ငန်းစဉ်များအား မီဒီယာများမှ တစ်ဆင့် ပြည်သူများသို့ ရှင်းလင်း တင်ပြခြင်း အစီအစဉ်အား ယနေ့ ညနေ ၄ နာရီတွင် Zoom မှ တစ်ဆင့် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ချင်းရန်ပုံငွေအဖွဲ့ (CRFP) ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး ချင်းအမျိုးသား တော်လှန်ရေး အတွက် လိုအပ်သည့် ဘဏ္ဍာငွေ ရှာဖွေခြင်းနှင့် တော်လှန်ရေး ကာလ အလွန် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ အတွက် ရည်ရွယ်ကြောင်း သိရသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...