ပလက်ဝမြို့နယ်မှ ချင်းလူငယ်များအပါအဝင် ပြစ်ဒဏ်ချမှတ်ခံရသူ ၂၇ ဦးကို စစ်တွေထောင်ပို့

ပလက်ဝမြို့နယ်မှ ချင်းလူငယ်များအပါအဝင် ပြစ်ဒဏ်ချမှတ်ခံရသူ ၂၇ ဦးကို စစ်တွေထောင်ပို့

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စစ်ကောင်စီက မတရားပြစ်ဒဏ်ချမှတ်ခဲ့သော ချင်းလူငယ် (၄) ဦးအပါအဝင် (၂၇) ဦးကို ရခိုင်ပြည်နယ် စစ်တွေမြို့ အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။

ပလက်ဝမြို့နယ်တရားရုံးတွင် ဧပြီလ ၅ ရက်နေ့အထိ ပြစ်ဒဏ်အသီးသီးချမှတ်ခံရသူ ၂၇ ဦးအထိရှိခဲ့ပြီး ယင်းတို့အနက် အများစုမှ မတရားစွပ်စွဲပြစ်ဒဏ်ချမှတ်ခံရသူများဖြစ်ကြကာ ဧပြီလ ၇ ရက်နေ့က စစ်တွေအကျဉ်းထောင်ကိုရောက်ရှိသွား ကြပြီဟု အကျဉ်းထောင်ပို့ခံရသည့်မိသားစုဝင်တစ်ဦးကပြောသည်။

"ပြစ်ဒဏ်တွေ ကျခံရတာက အပြစ်ရှိလို့ ကျခံရတယ်ဆိုရင် ဘယ်သူ့မှလက်မခံနိုင်စရာ အကြောင်းမရှိပါဘူး၊ အခုဟာက ၅၀၅(က)ပုဒ်မတပ်ထားတဲ့ သူအားလုံးဟာ အမှန်တကယ်က လူသားချင်းစာနာထောက်ထားတဲ့အနေဖြင့် စစ်ဘေးရှောင် တွေအတွက် အကူအညီပေးနေတဲ့သူတွေပါ၊ ဘာမှသက်သေအထောက်အထားမပြနိုင်ပဲ သူတို့လိုချင်သလို စွပ်စွဲတာမျိုးက ဥပဒေမဲ့ဆန်လွန်ပါတယ်"ဟု မိသားစုဝင်တစ်ဦးက ပြေပါတယ်။

စစ်တွေမြို့အကျဉ်းထောင်သို့ပို့ဆောင်ခံရသူများမှာ ၂၀၂၁ ခုနှစ်မေလ(၂၈)ရက်နေ့က ပလက်ဝမြို့ပေါ်ဗုံးပေါက်ကွဲနှင့်ပတ် သက်၍ မတရားဖမ်းဆီးခံရသည့် ချင်းလူငယ် (၄) ဦး၊ ပလက်ဝမြို့ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်ထားသည့်ကိစ္စအား မီဒီယာနှင့်အင်တာဗျူးဖြေကြားသူတစ်ဦး၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF အား ထောက်ပံ့သည်ဟု စွပ်စွဲခံရသူ ၁၉ ဦး၊ ငွေကြေးလိမ်လည်မှုကြောင့် ၂ ဦးနှင့် မြို့ပေါ်သို့စစ်ဘေးရှောင်ရင်း မတော်တဆလူသတ်မှုကြောင့် တစ်ဦး စုစုပေါင်း (၂ရ) ဦး တို့ဖြစ်သည်။

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF အားထောက်ပံ့သည်ဟု စွပ်စွဲခံရသူ ၁၉ ဦးမှာ ပလက်ဝမြို့နယ် ပါးဝကျေးရွာကဖြစ်ကြ ပြီး ယင်းတို့အနက် ၁၆ ဦးကို ထောင်ဒဏ်(၄)နှစ် နှင့် ကျန် (၃) ဦးကို ထောင်ဒဏ် (၇) စီပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

စစ်တွေထောင်သို့ ပို့ခံရသည့် (၂၄) ဦးမှာ ၅၀၅(က) ပုဒ်မဖြင့် အမိန့်ချခံရသူဖြစ်ပြီး ကျန်(၃)ဦးမှာ အခြားအမှုဖြစ်ကာ စုစုပေါင်း ကျား(၂၅)၊ မ(၂)ဦ်းဟု သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...