သင်္ချိုင်းကန်တော့ရန်သွားသည့် ပန်ဆေးပြည်သူ့စစ်များ ပစ်ခတ်ခံရ၊ ပြည်သူ့စစ် ၃ ဦးသေဆုံး

သင်္ချိုင်းကန်တော့ရန်သွားသည့် ပန်ဆေးပြည်သူ့စစ်များ ပစ်ခတ်ခံရ၊ ပြည်သူ့စစ် ၃ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ့်မြို့နယ်၊ ပန်ဆေးတောင်အတက်လမ်းတွင် သင်္ချိုင်းကတော့ရန်တက်လာသည်တဲ့ ပန်ဆေးပြည်သူ့စစ်များအား TNLA တပ်မှ ပစ်ခတ်ရာ ပြည်သူ့စစ် ၃ဦးသေဆုံးကာ၊ ၅ ဦးဒဏ်ဂာရရှိကြောင်း ဒေသခံများမှညသိရသည်။

ဧပြီလ ၇ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင်သင်္ချိုင်းကတော့ရန်တက်လာသည့် ပြည်သူ့စစ်ကားအား TNLA တပ်မှတားဆီးရာ ရပ်ပေးခြင်းမရှိသည့်အတွက် ပစ်ခတ်ခံလိုက်ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

"ဒီနေ့ ၁၁ နာရီကျော်မှာ ဒီ နမ့်ခမ်းအောက် ပန်ဆေးတောင် တရုတ်ပြည်သူ့စစ်/ ပန်ဆေးပြည်သူ့စစ် တရုတ်သင်္ချိုင်း သွားကတော့ဖို့ တက်လာတာကို ပလောင်တွေ တားတာ မရပ်လို့ပစ်သွားတာမှန်တယ် Confirm ဖြစ်တယ်" လို့ ဒေသခံတစ်ဦးကပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ပန်ဆေးပြည်သူ့စစ်အကြီးပိုင်းတစ်ဦး၏ အုတ်ဂူသင်္ချိုင်းသို့ ကတော့ရန်စစ်ဝတ်စုံတွေနဲ့ တက်လာခြင်းဖြစ်ကြောင်း သိရသည်။

"ပန်ဆေးပြည်သူ့စစ် အကြီးပိုင်းတစ်ယောက်ယောက်ရဲ့သင်္ချိုင်းနေမှာပါ သူတို့က စစ်ဝတ်စုံနဲ့တက်လာကြတာဟုတ်တယ် " လို့ ဒေသခံတစ်ဦးကပြောသည်။

ပြည်သူ့စစ်ဘက်မှ ဒဏ်ရာရရှိသူ ၅ ဦး ရှိပြီး ၎င်းတို့ရဲ့ စစ်အသုံးအဆောင် ပစ္စည်းများလည်းအားလုံး ချွတ်ယူသိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။

လက်ရှိကာလသည် တရုတ်ရိုးရာသင်္ချိုင်းကတော့ ချိန်ဖြစ်သောကြောင့် ပြည်သူ့စစ်အကြီးပိုင်း၏ အုတ်ဂူများတွင် သင်္ချိုင်းကတော့ပွဲများ ပြုလုပ်နေကြကြောင်း တရုတ်နယ်စပ်ဒေသခံတစ်ဦးကပြောသည်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...