သင်္ချိုင်းကန်တော့ရန်သွားသည့် ပန်ဆေးပြည်သူ့စစ်များ ပစ်ခတ်ခံရ၊ ပြည်သူ့စစ် ၃ ဦးသေဆုံး

သင်္ချိုင်းကန်တော့ရန်သွားသည့် ပန်ဆေးပြည်သူ့စစ်များ ပစ်ခတ်ခံရ၊ ပြည်သူ့စစ် ၃ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ့်မြို့နယ်၊ ပန်ဆေးတောင်အတက်လမ်းတွင် သင်္ချိုင်းကတော့ရန်တက်လာသည်တဲ့ ပန်ဆေးပြည်သူ့စစ်များအား TNLA တပ်မှ ပစ်ခတ်ရာ ပြည်သူ့စစ် ၃ဦးသေဆုံးကာ၊ ၅ ဦးဒဏ်ဂာရရှိကြောင်း ဒေသခံများမှညသိရသည်။

ဧပြီလ ၇ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင်သင်္ချိုင်းကတော့ရန်တက်လာသည့် ပြည်သူ့စစ်ကားအား TNLA တပ်မှတားဆီးရာ ရပ်ပေးခြင်းမရှိသည့်အတွက် ပစ်ခတ်ခံလိုက်ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

"ဒီနေ့ ၁၁ နာရီကျော်မှာ ဒီ နမ့်ခမ်းအောက် ပန်ဆေးတောင် တရုတ်ပြည်သူ့စစ်/ ပန်ဆေးပြည်သူ့စစ် တရုတ်သင်္ချိုင်း သွားကတော့ဖို့ တက်လာတာကို ပလောင်တွေ တားတာ မရပ်လို့ပစ်သွားတာမှန်တယ် Confirm ဖြစ်တယ်" လို့ ဒေသခံတစ်ဦးကပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ပန်ဆေးပြည်သူ့စစ်အကြီးပိုင်းတစ်ဦး၏ အုတ်ဂူသင်္ချိုင်းသို့ ကတော့ရန်စစ်ဝတ်စုံတွေနဲ့ တက်လာခြင်းဖြစ်ကြောင်း သိရသည်။

"ပန်ဆေးပြည်သူ့စစ် အကြီးပိုင်းတစ်ယောက်ယောက်ရဲ့သင်္ချိုင်းနေမှာပါ သူတို့က စစ်ဝတ်စုံနဲ့တက်လာကြတာဟုတ်တယ် " လို့ ဒေသခံတစ်ဦးကပြောသည်။

ပြည်သူ့စစ်ဘက်မှ ဒဏ်ရာရရှိသူ ၅ ဦး ရှိပြီး ၎င်းတို့ရဲ့ စစ်အသုံးအဆောင် ပစ္စည်းများလည်းအားလုံး ချွတ်ယူသိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။

လက်ရှိကာလသည် တရုတ်ရိုးရာသင်္ချိုင်းကတော့ ချိန်ဖြစ်သောကြောင့် ပြည်သူ့စစ်အကြီးပိုင်း၏ အုတ်ဂူများတွင် သင်္ချိုင်းကတော့ပွဲများ ပြုလုပ်နေကြကြောင်း တရုတ်နယ်စပ်ဒေသခံတစ်ဦးကပြောသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...