၂၀၁၇-၂၀၁၈ တိုင်းနှင့် ပြည်နယ် ကရာတေးဒိုပြိုင်ပွဲတွင် ရခိုင်ပြည်နယ်က တတိယအဆင့် ရရှိ

၂၀၁၇-၂၀၁၈ တိုင်းနှင့် ပြည်နယ် ကရာတေးဒိုပြိုင်ပွဲတွင် ရခိုင်ပြည်နယ်က တတိယအဆင့် ရရှိ
by -
နိရဥ္စရာ
ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့ထိ နေပြည်တော်တွင် ပြုလုပ်သော ၂၀၁၇-၂၀၁၈ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ကရာတေးဒိုပြိုင်ပွဲတွင် ရခိုင်ပြည်နယ်သည် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၂ ခုနှင့် ကြေးတံဆိပ် ၄ ခုဖြင့် တတိယအဆင့်ရရှိခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်မှ ဆုရရှိသူများမှာ မအေးအေးခင်က ရွှေတံဆိပ်တစ်ခု၊ အမျိုးသမီး အသင်းလိုက် ကုမိတဲ့တွင် ငွေတံဆိပ်တစ်ခု၊ အမျိုးသားတစ်ဦးချင်း ခါတားတွင် မောင်မျိုးဇော်ဌေးက ငွေတံဆိပ်တစ်ခုနှင့် အမျိုးသားအသင်းလိုက် ကုမိတဲ့တွင် ကြေးတံဆိပ်တစ်ခု အပါအဝင် ကြေးတံဆိပ် ၄ ခု ရရှိခဲ့သည်ဟု သိရသည်။

“ရခိုင်ပြည်နယ်ဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားကစား ကရာတေးဒို ပြိုင်ပွဲတွေမှာ ၂၀၁၅ ခုနှစ်က အဆင့် ၅၊ လွန်ခဲ့တဲ့နှစ်က အဆင့် ၄ နဲ့ ဒီနှစ်မှာ အဆင့် ၃ ထိ တက်လာခဲ့ပါတယ်” ဟု ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဌေးက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် မည့်သည့်အားကစားပြိုင်ပွဲတွင်မဆို ရွှေတံဆိပ် ဆုရှင်များကို ၅ သိန်းကျပ် ထောက်ပံ့ပေးပြီး၊ ငွေတံဆိပ်အတွက် ၁ သိန်းကျပ်နှင့် ကြေးတံဆိပ်အတွက် ၅ သောင်းကျပ် ထောက်ပံ့ပေးသည့်အပြင် ပြည်နယ် အားကစားအတွက် သီးသန့် ရန်ပုံငွေများကိုလည်း ချပေးထားသည်ဟု ဆိုသည်။

“အယင် စစ်အစိုးရလက်ထက်တုန်းက တိုင်းနဲ့ပြည်နယ် အားကစားပြိုင်ပွဲတွေမှာ ရခိုင်ပြည်နယ်ဟာ အောက်ဆုံးအဆင့်မှာရှိတဲ့ ချင်းပြည်နယ်ရဲ့ အပေါ်မှာပဲ ရှိနေခဲ့ပါတယ်။ အခု ပြည်နယ်အစိုးရက ထောက်ပံ့ပေးလာတွက် တဖြည်းဖြည်း တိုးတက်လာနေပါပြီ”ဟု ဒေါ်ခင်မေဌေးက ပြောသည်။

ရခိုင်ပြည်နယ်သည် ယခုလက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပေါင်းစုံ ပြိုင်ပွဲများတွင် အဆင့် ၈ ရှိနေပြီး၊ မြန်မာ့လက်ရွေးစင် အားကစားသမားများ မွေးထုတ်နိုင်မှုတွင် အဆင့် ၅ တွင် ရှိသည်ဟုဆိုသည်။

ယခုယှဉ်ပြိုင်ခဲ့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ကရာတေးဒို ပြိုင်ပွဲတွင် နေပြည်တော်အပါအဝင် ၁၅ ခု ပါ၀င်ယှဉ်ပြိုင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးက ပထမ၊ ရန်ကုန်တိုင်း ဒေသကြီးက ဒုတိယ၊ ရခိုင်ပြည်နယ်က တတိယနှင့် ဧရာဝတီတိုင်းက စတုတ္ထအသီးသီးရရှိခဲ့သည်ဟု သိရှိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...