အမေရိကန် လုံခြုံရေးကောင်စီ အရှေ့အာရှဆိုင်ရာ ဒါရိုက်တာနှင့် NUG လူ့အခွင့်အရေးဝန်ကြီးတို့ တွေ့ဆုံ

အမေရိကန် လုံခြုံရေးကောင်စီ အရှေ့အာရှဆိုင်ရာ ဒါရိုက်တာနှင့် NUG လူ့အခွင့်အရေးဝန်ကြီးတို့ တွေ့ဆုံ

အမေရိကန် အစိုးရ၏ အမျိုးသား လုံခြုံရေးကောင်စီ၊ အရှေ့အာရှ ဒေသဆိုင်ရာ အဆင့်မြင့် ဒါရိုက်တာ Mr. Egatd Kavan နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း၊  နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမိုးဇော်ဦးတို့  အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ပြီး  မြန်မာ့အရေး ဆွေးနွေးခဲ့သည်။

" အမေရိကန် အစိုးရ အမျိုးသား လုံခြုံရေး ကောင်စီ၏ အရှေ့အာရှ ဒေသဆိုင်ရာ အဆင့်မြင့် ဒါရိုက်တာ Mr. Egatd Kavan နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။အမေရိကန် အစိုးရနဲ့ ဒေသတွင်းက မိတ်ဖက်နိုင်ငံတွေ ပူးပေါင်းပြီး မြန်မာနွေဦး တော်လှန်ရေးအတွင်း ကူညီနိုင်မယ့် နည်းလမ်းတွေကို ပွင့်လင်းစွာ ဆွေးနွေး နိုင်ခဲ့ပါတယ်"  ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ၎င်း၏ လူမှုကွန်ရက်တွင် ယနေ့ ရေးသားထားသည်။

အမေရိကန် ဝါရှင်တန်ဒီစီသို့ ရောက်ရှိနေသည့် NUG ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် အစိုးရ၏ အကြံပေး ပုဂ္ဂိုလ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသား လုံခြုံရေး ကောင်စီမှ တာဝန် ရှိသူများနှင့် တွေ့ဆုံမည် ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ကမ္ဘာလုံးဆိုင်ရာ ရာဇ၀တ်မှုနှင့် တရားမျှတမှု ဆိုင်ရာ သံအမတ်ကြီးနှင့် NUG ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့သည်။ အကြမ်းဖက် စစ်တပ်က ရိုဟင်ဂျာများကို လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ကြောင်း အမေရိကန် အစိုးရက လက်ခံ ကြေညာခဲ့အပြီး တရားမျှတမှု ဖော်ဆောင်နိုင်ရေး ပူးပေါင်း လုပ်ဆောင်သွားမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

အမေရိကန် အစိုးရက NUG အစိုးရအား တရားဝင် အစိုးရအဖြစ် သတ်မှတ်ခြင်း မရှိသေး သော်လည်း တရားဝင် အစိုးရ တစ်ရပ်ကဲ့သို့ တွေ့ဆုံခြင်း ဖြစ်သဖြင့် အသိအမှတ် ပြုရာ ရောက်ကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...