မော်လမြိုင်မြို့မှာ မိုးကြီးပြီးလေပြင်းတိုက်ခတ် နေအိမ်အလုံး ၃၀ နီးပါး ပြိုကျပျက်စီး

မော်လမြိုင်မြို့မှာ မိုးကြီးပြီးလေပြင်းတိုက်ခတ် နေအိမ်အလုံး ၃၀ နီးပါး ပြိုကျပျက်စီး

မော်လမြိုင်မြို့ သာယာအေး ရပ်ကွက် ကမ်းနားပိုင်းမှာ ဒီကနေ့ ဧပြီ ၇  ရက်နေ့ ညနေပိုင်းက မိုးကြီးပြီးလေပြင်း တိုက်ခတ်တာကြောင့် နေအိမ် အလုံး ၃၀ နီးပါး ပြိုကျပျက်စီးခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတ အဖွဲ့တွေက ပြောပါတယ်။

ပြိုကျပျက်စီးသွားတဲ့ အိမ်တွေဟာ ကမ်းနာပိုင်းမှာ တည်ဆောက်ထားတာ ဖြစ်ပြီး မိုးရွာချိန် လေပြင်းပါ တိုက်ခတ်တာကြောင့် နေအိမ်တချို့ တစ်လုံးလုံး ပြိုကျသွားတာ ရှိသလို တချို့အိမ်တွေတော့ ယိုင်သွားတာတွေ ရှိတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“သာယာအေး ကမ်းနာဘက်ခြမ်း ကျူးကျော်အိမ်ပေါ့၊ ပြိုတာရော ယိုင်သွားတာရော နံရံကွာသွားတာရော အိမ်ခြေ (၃၀)လောက် ရှိတယ်ဗျ၊ မိုးရွာတဲ့အချိန် လေမွေ့လိုက်တာပေါ့၊ လေမွေ့လိုက်တော့ လေဒဏ်ကြောင့် မိုးရွာတဲ့ဒဏ်ကြောင့် ပြိုသွားတာပေါ့၊ အိမ်တွေကတော့ ထရံ ဝါးလုံးနဲ့ပဲဆိုတော့ လေအားနဲ့ဆိုတော့ မွေ့တိုက်လိုက်တော့ လဲသွားတာပေါ့”လို သူက ဆိုပါတယ်။

နေအိမ်တွေ ပြိုကျ ပျက်စီးသွားပေမယ့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိသလို ဒေသခံတွေ အနေနဲ့ မိမိတို့ အစီအစဉ်ဖြင့် ဆွေးမျိုးနီးစပ်ရာတွေမှာ နေထိုင်နေရပြီး စစ်ကောင်စီကတော့ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးတာ မရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ ပြိုကျပျက်စီးသွားတဲ့ နေအိမ်တွေမှာ ရှိတဲ့ မိသားစုဝင်တွေဟာ နီးစပ်ရာတွေမှာ သွားရောက် နေထိုင်ပြီး ဖြစ်တာကြောင့် ဘေးဒဏ်ခံစားရတဲ့ အိမ်ထောင်စုနဲ့ မိသားစုဝင် အရေအတွက်ကိုတော့ စာရင်းကောက်ယူလို့ မရသေးဘူး။

ဒါ့အပြင် မိုးကြီးပြီးလေပြင်းတိုက်ခတ်တာကြောင့် မြိုင်သာယာရပ်ကွက်ရှိ ရာမညရဌ ဘုန်းကြီးကျောင်းမှာလည်း သစ်ပင်ကြီးတွေ ပြိုလဲခဲ့သလို သစ်ပင်ပြိုလဲမှုကြောင့် ကျောင်းအဆောက်အဦး တချို့ပျက်စီးမှု ရှိခဲ့ပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...