မီဇိုရမ်ပြည်နယ် နေရာ ၂ ခုတွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ဘိန်းဖြူ ဖမ်းဆီးရမိ

မီဇိုရမ်ပြည်နယ် နေရာ ၂ ခုတွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ဘိန်းဖြူ ဖမ်းဆီးရမိ

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် နေရာ ၂ ခုတွင်  မြန်မာနိုင်ငံမှသယ်ဆောင်လာသော မူးယစ်ဆေးဝါး  ဧပြီလ ၅ ရက်နေ့ညက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Excise & Narcotic တို့က New Champhai တွင် ဂရမ် ၁၂၈ အလေးချိန်ရှိ ဘိန်းဖြူ ၁၀ ဟောင်နဲ့အတူ ပိုင်ရှင်ဟုယူဆရသူ တီးတိန်မြို့နယ် Kaptel ကျေးရွာမှ ချင်းအမျိုးသမီး Tinzamhuai ထံ ဧပြီလ ၅ ရက်နေ့ညက ဖမ်းဆီးခဲ့ကြောင်း မီဇိုရမ် ညစဉ်သတင်း Zonet zawlbuk တွင် ဖော်ပြသည်။

အလားတူ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ဇိုးခေါထား ရဲတပ်ဖွဲ့တို့ကလည်း ကျန်းဖိုင်ဘက်ကို ၁၂၅ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသော ဂရမ် ၃၁၄ အလေးချိန်ရှိ ဘိန်းဖြူ ၂၃ ဟောင်နဲ့အတူ ပိုင်ရှင်ဟုယူဆရသူ ဇိုးခေါထားကျေးရွာ Lalruatmawia ကို Melbuk ကျေးရွာအဝင်တွင် ဧပြီလ ၅ ရက်နေ့ညက ဖမ်းဆီးခဲ့သည်။

အဆိုပါ ဖမ်းဆီးထားသော ဘိန်းဖြူများမှ မြန်မာနိုင်ငံမှ သယ်ဆောင်လာခြင်းဖြစ်ပြီး အဖမ်းဆီးခံထားရသူများကိုလည်း ND & PS ဖြင့် အမူဖွင့်ဆိုပြီး ကျန်ဖိုင်းခရိုင်ထောင်သို့ ပို့ဆောင်ခဲ့ကြသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ကလည်း မြန်မာနိုင်ငံမှ သယ်ဆောင်လာသော Methamphetamine အလုံးရေ တစ်သိန်း အလေးချိန် ၉ ကေဂျီနှင့် ဂရမ် ၆၀၂ ကို Vaivakawn, Zohnuai, Sairang Road တွင် မီဇိုရမ်ပြည်နယ် Special Narcotics PS (CID Crime) Team အဖွဲ့က ဖမ်းဆီးခဲ့သည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...