မင်းတပ်-မတူပီလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

မင်းတပ်-မတူပီလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့သို့ အင်းအားဖြည့်တင်းရန် မင်းတပ်ဘက်မှချီတက်လာသော စစ်ကောင်စီ တပ်ဖွဲ့နှင့် CDF-Matupi တို့ ယနေ့မနက်ပိုင်းက မင်းတပ်-မတူပီလမ်း မိိုင်တိုင် ၈၇ တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိသည်ဟု CDF- Matupi က ထုတ်ပြန်သည်။

မတူပီမြို့မှ ၁၅ မိုင်ခန့်အကွာ မင်းတပ်-မတူပီလမ်းတွင် ယနေ့နံနက်ပိုင်း ၆ နာရီ ၄၀ ခန့်ကစ၍ စစ်ကောင်စီတပ် နှင့် CDF-Matupi တပ်ဖွဲ့တို့ တစ်နာရီကြာခန့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

CDF-Matupi ပြန်ကြားရေးတာဝန်ခံက “ ဒီမနက်် ခြောက်နာရီကျော်ကနေစပြီးတော့မှ ၁ နာရီနီးနီးထိတွေ့မှုရှိ တယ်။ သူတို့က ညကမိုင်တိုင် ၈၆ မှာအိပ်တယ်ဆိုတော့ အဲ့ကနေပြန်ထွက်မှာ ထိတွေ့မှုဖြစ်တယ်။ ကျွန် တော်တို့ဖက်က အထိအခိုက်မရှိဘူး။ စကစဖက် တော့ ၅ ဦးကျဆုံးတယ်”ဟုပြောသည်။

မတူပီမြို့အခြေစိုက် တပ်ရင်းစခန်းများမှ မတူပီ-မင်းတပ်လမ်းပေါ်ရှိ ချန်းပြန်း(က) ရွာဟောင်း ဘက်သို့ လက်နက်ကြီးများ အဆက်မပြတ် ရမ်သမ်းပစ်ခတ်လျှက်ရှိပြီး CDF- Matupi နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ခြေရှိပြီး စစ်ကောင်စီယာဉ်တန်းသည်လည်း ၂ ရက် ၃ ရက်အတွင်း မတူပီမြို့သို့ ဝင်ရောက်လာနိုင်သည်ဟု သိရသည်။

တင့်ကား ၂ စီးအပါအဝင် စစ်ကားအစီး ၈၀ ကျော်ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းသည် စစ်ဗျူဟာအခြေ စိုက်ရာ မတူပီမြို့သို့ စစ်အာအင်းဖြည့်တင်းရန်အတွက် မင်းတပ်မြို့မှ မတ်လ ၂၅ ရက်နေ့ကတည်းက ထွက်ခွါ လာပြီး လမ်းခရီးတစ်လျှောက်တွင် CDF-Mindat တပ်ဖွဲ့နွင့္အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့သည်။

မင်းတပ်နှင့် မတူပီမြို့သည် ၁၀၂ မိုင်ခန့်သာကွာဝေးပြီး စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်မြို့မှ စတင်ထွ က်ခွါလာသည်မှာ ၁၃ ရက်ခန့်ရှိပြီဖြစ်သော်လည်း ၈၇ မိုင်အထိသာရောက်ရှိနိုင်သေးသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၇၇ တွင် နေအိမ်တစ်လုံး နှင့် မိုင်တိုင် ၈၄ (ရမ်တီန်း ကျေးရွာ)တွင် နေအိမ် ၂ လုံးတို့ကို မီးရှို့ဖျက်စီးခဲ့သည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ ၇၇ မိုင်မှာ မီးရှို့တာက တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို အိမ်မှာတခါတည်းထည့်ပြီးတော့ အိမ်ပါတခါတည်းမီးရှို့တယ်လို့ ကျွန်တော်တို့သတင်းရရှိပါတယ်။ စုစုပေါင်းအိမ်မီးရှို့တာတော့ ၃ လုံးပေါ့” ၎င်းကပြောသည်။

ရမ်တိန်းကျေးရွာသည် မတူပီမြို့မှ ၁၈ မိုင်ခန့်ကွာဝေးပြီး လူဦးရေ ၃၀၀ ခန့်နှင့် အိမ်ခြေ ၅၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...