တပ်မတော်အတွက်အသက်စွန့်လွှတ်နေရတဲ့အပေါ်ဂုဏ်ယူဖို့ ဒုကာချုပ်စိုးဝင်ပြောဆို

တပ်မတော်အတွက်အသက်စွန့်လွှတ်နေရတဲ့အပေါ်ဂုဏ်ယူဖို့ ဒုကာချုပ်စိုးဝင်ပြောဆို

နိုင်ငံတော်နဲ့တပ်မတော်အတွက် အသက်စွန့်လွှတ်နေရတဲ့အပေါ်ဂုဏ်ယူဖို့နဲ့  စားဝတ်နေရေးအတွက်တပ်မတော်ကထောက်ပံ့နေတာဖြစ်တဲ့အတွက် သစ္စာရှိရမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဗထူးတပ်မြို့  တိုက်ခိုက်ရေးကျောင်းက  စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိသင်တန်းသားတွေနဲ့  တွေ့ဆုံ ချိန်မှာ အခုလိုပြောခဲ့တာပါ။

“နိုင်ငံတော်နှင့် တပ်မတော်၏ သစ္စာကို စောင့်သိရန်နှင့် အသက်ခန္ဓာကို စွန့်လွှတ်ရန် သစ္စာဆိုထား သူများ ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဦးလည်မသုန် ထမ်းရွက်နေမှုအပေါ် ဂုဏ်ယူနေ ရန်လို တယ်” လို့  ဒုကာချုပ်စိုးဝင်းက ပြောဆိုခဲ့တာပါ။

ဒါ့အပြင် တပ်မတော်ကို စတင် ဝင်ရောက်ပြီး နိုင်ငံတော်အလံကိုလက်နဲ့ထိပြီး ကတိသစ္စာပြုချိန်မှ စတင်ပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် (၂၄)  နာရီတာဝန်ထမ်းဆောင်ဖို့  တာဝန်ရှိတယ်လို့လည်း သူကပြောပါသေးတယ်။

တပ်မတော်သားတွေနဲ့မိသားစုဝင်တွေရဲ့ စားဝတ်နေရေးနဲ့ပညာရေး၊ကျန်းမာရေးအတွက် ခံစားနေရ  တာတွေဟာ နိုင်ငံတော်နဲ့  တပ်မတော်က ပြည်သူတွေရဲ့ထည့်ဝင်ထားတဲ့အခွန်အခတွေနဲ့ ထောက်ပံ့ ထားတာဖြစ်တယ်တဲ့အတွက် နိုင်ငံတော်နဲ့  ပြည်သူတွေရဲ့ကျေးဇူးစောင့်သိဖို့လိုတယ်လို့ ဗိုလ်လောင်း  တွေကို အသိပေးခဲ့ပါတယ်။

ဒုကာချုပ်စိုးဝင်းက ဗိုလ်လောင်းတွေကို   ပြည်သူတွေရဲ့ကျေးဇူးစောင့်သိဖို့ မှာကြားနေပေမယ့် စစ်ကောင်စီတပ်သားတွေဟာ   တိုင်းရင်းသားဒေသတွေက ပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုခိုးတာ၊ မီးရှို့ဖျက်ဆီးတာတွေနဲ့ အမျိုးသမီးတွေကိုအဓမ္မပြုကျင့်တာတွေ နေ့စဉ်လုပ်ဆောင်နေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ယောက်က မှတ်ချက်ပေးပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...