တပ်ဖွဲ့ဝင် ၃၄ ဦး ဖမ်းဆီးခံရပြီး ၂ ဦးကျဆုံး၍ တိုက်ခိုက်မှုများ ရပ်နားထားဟု PSTF ပြောက်ကျားတပ်ဖွဲ့ဆို

တပ်ဖွဲ့ဝင် ၃၄ ဦး ဖမ်းဆီးခံရပြီး ၂ ဦးကျဆုံး၍ တိုက်ခိုက်မှုများ ရပ်နားထားဟု PSTF ပြောက်ကျားတပ်ဖွဲ့ဆို

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် အတွင်း ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့မှ စတင်၍ စစ်အုပ်စုအား ဖောက်ခွဲ တိုက်ခိုက်မှုနှင့် စစ်ကောင်စီတပ် သတင်းပေး ရှင်းလင်းသည့် စစ်ဆင်ရေးများတွင် တပ်ဖွဲ့ဝင် ၃၄ ဦး ဖမ်းဆီး ခံခဲ့ရပြီး ၂ ဦး ကျဆုံးခဲ့သည့်အတွက် တိုက်ခိုက်မှုများ ရပ်နားထားကြောင်း ပုသိမ်ခရိုင် မြို့ပြ ပြောက်ကျားတပ်ဖွဲ့ PSTF တာဝန်ရှိသူက ပြောသည်။

ပုသိမ်ခရိုင် အတွင်း သတင်းပေး လေးဦး၊ စစ်ကောင်စီတပ်သား  လေးဦးနှင့် ရဲတပ်သား နှစ်ဦးတို့ကို ရှင်းလင်းပြီး ဗုံးဖောက်ခွဲမှု ၁၃ ကြိမ်၊ စစ်အုပ်စုပိုင် Mytel တာဝါတိုင် လေးတိုင် ဗုံးခွဲ ဖျက်ဆီးခဲ့သည့် နောက်ပိုင်း ပြောက်ကျား တပ်ဖွဲ့ဝင်များ ဖမ်းဆီး ခံခဲ့ရကြောင်း ၎င်းကဆိုသည်။

"ကန်ကြီးထောင့်၊ ကညင်ငူရွာထိပ်မှာ မောင်းလာတဲ့ စစ်ကားကို ဗုံးပစ်တင်တဲ့ မစ်ရှင်မှာ စစ်ခွေး လေးယောက် သေတယ်။ ဒါပေမယ့် ကျွန်တော်တို့ တပ်ဖွဲ့ဝင် တစ်ယောက်လည်း အဲ့ဒီမစ်ရှင်မှာ ကျဆုံးခဲ့တယ်။ ပုသိမ် ရေကြောင်းရဲ တပ်ဖွဲ့ စခန်းကို ဝင်ပစ်တဲ့ မစ်ရှင်မှာ တုန်းကတော့ ရဲခွေး နှစ်ယောက် သေတယ်၊ အဲ့ဒီ မစ်ရှင်မှာ ကျွန်တော်တို့ တပ်ဖွဲ့ဝင် တစ်ယောက် ထပ်ကျခဲ့တယ်၊ အဖမ်းခံရတဲ့ သူတွေနဲ့ ကျဆုံးသူတွေ ရှိတော့ မစ်ရှင်တွေ ရပ်ထားရတာပါ။ တပ်ဖွဲ့ဝင် အသစ်တွေနဲ့ မကြာခင်မှာ ကျွန်တော်တို့ ပြန်စတော့မှာပါ" ဟု ၎င်းကဆိုသည်။

လက်ရှိ တပ်ဖွဲ့ဝင် အသစ်များ ဖြည့်ဆည်း၍ ပြန်လည် ဖွဲ့စည်းနေပြီး တပ်ဖွဲ့၏ မူလ ရည်ရွယ်ချက်၊ စည်းကမ်းချက် အတိုင်း စစ်အုပ်စု ပြုတ်ကျသည် အထိ ဆက်လက် တိုက်ခိုက်မည်ဟု PSTF တာဝန်ရှိသူက ပြောသည်။

"ကျွန်တော်တို့ တပ်ဖွဲ့ရဲ့ လက်နက် ပစ္စည်းတွေကို ပုသိမ် (၁၄) ရပ်ကွက်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် နေ့က စစ်ခွေးတွေ သိမ်းသွားတယ်။ ပြီးတော့ အခုနှစ် မတ်လပိုင်း ထဲမှာလည်း ထောက်ပို့ တာဝန်ခံ တစ်ယောက် အဖမ်းခံရတယ်။ သူ့ဆီမှာလည်း ကျွန်တော်တို့ ပစ္စည်းတွေ ပါသွားတာ မနည်းဘူး၊ အဖွဲ့ရဲ့ ရန်ပုံငွေ တော်တော်များများ ဆုံးရှုံးသွားတာကြောင့် မစ်ရှင်တွေ မလုပ်နိုင်သေးတာလည်း ပါပါတယ်၊ အဖမ်းခံရတဲ့ သူတွေနဲ့ ကျဆုံးသူတွေ အတွက် ဆက်လက် တိုက်ခိုက်သွားမှာပါ" ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီး မခံရသည့် တပ်ဖွဲ့ဝင်များ လွတ်မြောက်နယ်မြေ အသီးသီးတွင် တိုက်ပွဲဝင်နေကြောင်း တပ်ဖွဲ့ ပြန်လည် ဖွဲ့စည်းပြီးပါက ပုသိမ်ခရိုင်အတွင်း စစ်ကောင်စီတပ်များနှင့် လက်ပါးစေများအား  တိုက်ခိုက်မည် ဖြစ်ကြောင်း PSTF တာဝန်ခံက ပြောသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...